စစ်ကိုင်းတိုင်းမှာ မြေ ရိုင်းတွေ ဖေါ်ထုတ်မည်


2017.02.03
farm-620.jpg တောင်ယာစိုက်ပျိုးလုပ်ကိုင်တဲ့ မြေတွေကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက လယ်ယာမြေပိုင်ဆိုင်မှု မရှိသူတွေ စိုက်ပျိုးရေးလုပ်ကိုင်ဖို့အတွက် မြေရိုင်းနဲ့ မစိုက်ပျိုးတာကြာတဲ့မြေတွေကို ခွဲဝေပေးဖို့ အခုလကစပြီး စီစဉ်နေပြီလို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

အဲဒီ လယ်ယာမြေမရှိသူတွေအတွက် တောရိုင်းမြေနဲ့ မစိုက်ပျိုးတာကြာတဲ့ မြေတွေကို တစ်လအတွင်း ရှင်းလင်း ပြီး ဖော်ဆောင်ပေးဖို့ လုပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမ်ဇာမုံ က ပြောပါတယ်။

"အများအားဖြင့်တော့ တောရိုင်းမြေတွေပေါ့နော်။ အသုံးမပြုတဲ့ လယ်ယာမြေတွေပေါ့။ အခုဖော်နေတဲ့ လယ်ယာမြေတွေမှာ အရှုပ်အရှင်းရှိတာတွေလည်း အကုန်လုံးဖြေရှင်းပြီးသွားပြီ။ အခု စလုပ်နေပြီလေ။ ၁ လ၊ ၂ လအတွင်းတော့ ပြီးအောင်လုပ်ဖို့  အခုစလုပ်နေပြီ။"

စစ်ကိုင်းတိုင်းအတွင်းက မြေယာမဲ့ တောင်သူတွေရဲ့ တောင်းဆိုချက်အရ  ကသာ၊ ဖောင်းပြင်၊ ရေဦးနဲ့ ဟုမ္မလင်းမြို့နယ်တွေက မြေ ဧက ၈၀၀ ကို မြေယာမဲ့တွေအတွက် စီစဉ်ပေးနေတာဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီမြေတွေ ရှင်းလင်း ဖော်ထုတ်ဖို့အတွက် တိုင်းအစိုးရရဲ့ ရံပုံငွေ ကျပ် သန်း ၁ ထောင် အသုံးပြုသွားမှာဖြစ် တယ်လို့ သိရပါတယ်။

အဲ့ဒီလယ်ယာမြေတွေကို လယ်ယာမဲ့တွေဆီကို ဘယ်လိုလွဲပြောင်းပေးမယ်ဆိုတာကိုတော့ စီစဉ်ဆောင် ရွက်ထားတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။