နို့ဖိုးစခန်းက စစ်ပြေးဒုက္ခသည်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

ဒီကနေ့ကျရောက်တဲ့ (၆၁) နှစ်မြောက် ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ်အနေနဲ့ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင် အတွင်းမှာရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် (၁၀၀) ကျော်က စခန်းတွင်းမှာ မရေရာမသေချာဖြစ်နေတဲ့ မိမိတို့နဲ့ မိမိတို့ရင်သွေး ခလေးငယ်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့ ထိုင်းအစိုးရနဲ့ UNHCR တို့ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
2012-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
mae_la_refugees_305_z.jpg
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မနက် (၉း၃၀) ခွဲမှာ စတင်ပြီး (၁) နာရီကြာ ပိုစတာများ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့မှာ ဒုက္ခသည်တွေက တောင်းဆိုခဲ့ကြတာ ဖြစ် ပါတယ်။

သူတို့တွေဟာ နှစ်ပေါင်းများစွာ ဒုက္ခသည် စခန်းမှာ နေထိုင်ခဲ့ပေမယ့် အခုအချိန်အထိ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးတာကြောင့် အသိအမှတ်ပြုပေးဖို့ တောင်းဆိုတာပါ လို့ ဆန္ဒထုတ်ဖော်ရာ မှာ ပါဝင်တဲ့ ကိုမျိုးမြင့်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ခလေးတွေရဲ့ အနာဂတ်ပညာရေးဟာ အခုချိန်ထိ ဆုံးခန်းတိုင်အောင် မရောက်ပါဘူးခင်ဗျ၊ အဲဒီအတွက်မို့ နိုင်ငံတကာက ကူညီဖြေရှင်းပေးမှသာလျှင် ကျွန်တော်တို့ဘဝရဲ့ အနာဂတ် သားသမီးများရဲ့ ရှေ့ရေးဟာ၊ ဘဝဟာ လုံခြုံမှာပါခင်ဗျ။ ကျွန်တော်တို့ အခုအချိန်အထိ PRE screen ကို ဖြတ်သန်းထားခဲ့တာ (၃) နှစ်ကျော်ခဲ့ပါပြီဗျ။ အခုအချိန်အထိ ဘဝရဲ့ရှေ့ရေးဟာ ဘယ်နေရာမှန်းတောင် မသိပါဘူး။ ဒုက္ခသည်စခန်းမှာပဲ အချိန်ကုန်ခဲ့ပါတယ်ခင်ဗျ။ အဲဒီအတွက်ကြောင့်မို့ သားသမီးတွေရဲ့ အနာဂတ် ရှေ့ရေးဟာလည်း ဝေးသထက်ဝေးလာပါတယ်ဗျ။ အဲဒါကို ကူညီဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရရော UNHCR ကော ကျွန်တော်တို့ သွားရောက်ပြီးတော့ တောင်းဆိုတာပါ”

ဒီဒုက္ခသည်တွေဟာ ယာယီဒုက္ခသည် အဖြစ်သာ အသိအမှတ်ပြုခံထားရသေးပြီး တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးကြောင်း ဒီကနေ့ဆန္ဒ ထုတ်ဖော်ပွဲကို UNHCR ရုံးတာဝန်ရှိသူတွေက တုံ့ပြန်မှု ဘာမှမရှိသေးဘူးလို့ ကိုမျိုးမြင့်က ပြောပါတယ်။

ထိုင်း မြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း (၉) ခုရှိပြီး လူဦးရေ တစ်သောင်းခွဲရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်း အပါအဝင် စုစုပေါင်း မြန်မာဒုက္ခသည် (၁) သိန်း(၄)သောင်းခန့်ရှိတယ်လို့ ဒုက္ခသည်အကူ အညီပေးရေး TBBC အဖွဲ့ရဲ့ စာရင်းဇယားမှာ ဖော်ပြပါရှိပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Because you guys want to go to third countries. No one forced you to go there except people from war zones. Now the country is moving forward. You all should come back to your mother land. If you want to come back, you can, anytime. But if you don't, no one can. It's your choice.

Jun 22, 2012 02:08 AM

အမည်မဖော်လိုသူ

ကျတော်ဆိုရင်refugee ထဲမှာဆယ့်နှစ်နှစ်ရှိပြီးခုထိPAB ပဲ

Jun 21, 2012 09:53 AM