ရိုက်တာသတင်းထောက်တွေ ပြန်လွှတ်ဖို့ BHRN တောင်းဆို

2018-01-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံး တို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြောက်ပိုင်ခရိုင်တရာရုံးကို ရုံးထုတ်လာစဉ်
ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံး တို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြောက်ပိုင်ခရိုင်တရာရုံးကို ရုံးထုတ်လာစဉ်
Photo: Kyaw Zaw Win/RFA
ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ လန်ဒန်အခြေ စိုက် BHRN (Burma Human Rights Network) ခေါ် မြန်မာလူ့အခွင့်အရေးကွန်ရက်က ကြာသပတေးနေ့ မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

BHRN ဥက္ကဌ ဦးကျော်ဝင်းက ဒီသတင်းထောက်တွေကို ဖမ်းဆီးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဟန့်တားပိတ်ပင်တဲ့ လုပ်ရပ်ပဲလို့ ပြောပါတယ်။

ဒါ့အပြင် သူတို့ကို ဖမ်းဆီးတာဟာ ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့လူ့အခွင့်အရေးကျူးလွန်မှုတွေကို ဝင်ရောက် စွက်ဖက်ပြီး စုံစမ်းထောက်လှမ်းတာတွေ မလုပ်ကြနဲ့လို့ တခြားသတင်းသမားတွေကို ခြိမ်းခြောက်ရာလည်း ကျပါတယ်လို့ ဦးကျော်ဝင်း က ဝေဖန်လိုက်ပါတယ်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့