ဘင်္ဂါလီ ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လစ်လျူမရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။
2012-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
kumar-ai-b305
အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ စည်းရုံး လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုနေစဉ်။
RFA

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမြင်သဘောထားတွေကို မစ္စတာ တီ ကူးမားက ပြောဆိုခဲ့တာပါ။

သူက ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ဘာသာရေးကို အခြေခံပြီး ဖိနှိပ်ခံနေရကြောင်း၊ နိုင်ငံမဲ့ ဖြစ်နေတဲ့အတွက် ရရှိသင့်တဲ့ ပညာသင်ခွင့်၊ ခရီးသွားခွင့်တွေ ဆုံးရှုံးနေကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် လူမျိုးတခုထဲကို ဦးတည်ပြဋ္ဌာန်းတဲ့ လက်ထပ် ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေတယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် တွန်းအားပေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာက ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော် ပြောဆိုသင့်တယ်။ အမေရိကန် ခေါင်းဆောင်တွေနဲ့တကွ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုဖို့ တိုက်တွန်းကြဖို့ကိုလည်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောသွားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်နန်းခမ်းထွေးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

ကျော်

ိနိုင်ငံမဲ့ဖြစ်နေတယ်ဆိုတာ မိခင်နိုင်ငံကိုစွန်.ခွာ ခဲ့လို.ဖြစ်တာပဲ။ အဲဒီလို လူတွေကိုမြန်မာနိုင်ငံက လက်ခံထားစရာ ဘာအကြောင်းမှမရှိဘူး။

Jul 18, 2012 10:57 AM

မောင်ထားဝယ်

နေရပ်- ထိုင်း

ရိုဟင်ဂျာ ပြဿနာက ရှင်းရှင်းလေး။ အင်္ဂလိပ်ခေတ်က ရောက်လာတယ်ဆိုတော့ အင်္ဂလိပ်မှာ တာဝန်ရှိတယ်။ အင်္ဂလိပ်တွေ တာဝန်ယူတဲ့အနေနဲ့ အင်္ဂလိပ်ပိုင် အင်္ဂလန်ကို သို့မဟုတ် သူတို့မူရင်းဒေသ နဂိုရ်နေရာကို ခေါ်ယူလိုက်ပါ။ ...

Jul 17, 2012 01:10 PM

(

ဘင်္ဂါလီ ရိုဟင်ဂျာ ဆိုတာ ကျနော့ အဖေအမေ နှင့် အဖိုးအဖွားတွေပြောပြလို့ ကျနော် ကြားဖူးဒါက ရွင့်ဂျာဆိုတဲ့ လူတွေ ရှင်းရှင်းပြောရင် အိုးမရှိ အိမ်မရှိ ရေကြည်ရာ မြက်နုရာ လုပ်စားနေသောလူတွေကို ခေါ်တာဖြစ်ပါသည်။ ရခိုင်ဘုရင်အဆက်ဆက်က ဒီလိုဘဲလုပ်စားလာခဲ့ပြီး နောက်ကြာလာတော့ လူမျိုးအမည်ဖြစ်အောင် ရိုဟင်ဂျာဆိုပြီး ချဲ့ထွင်ခေါ်သွားဒါဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

Jul 13, 2012 12:29 PM

Native Arkan

There is no Rohinja in Burmese/ Myanmar history. They are chittagong based Bengali.
In british ruled, their name is Khaw Taw Ka ler

Jul 12, 2012 10:36 PM

မျိုးချစ်သူ

ရိုဟင်ဂျာဆိုတာရှေးပဝေဏသီထဲကနေလာတာဆိုရင်အထောက်အထားခိုင်ခိုင်လုံလုံနဲ့တင်ပြလေ ။ ထိုင်းမှာလိုမဆလာရောင်းရင်းရောက်လာတဲ့လိမ်ဆင်တွေနဲ့လိမ်မနေနဲ့ ။--လူ့ အခွင့်အရေးလို့အော်နေတဲ့ ကောင်တွေမကျေနပ်ရင်နင်တို့ နိုင်ငံခေါ်ထားလိုက်

Jul 12, 2012 10:36 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.