မြန်မာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းတွေကို အဆပေါင်းများစွာ မြှင့်တင်လိုက်တဲ့အပေါ် ဒေါသတွေ ပေါက်ကွဲပြီး ရဟန်းရှင်လူအမြောက်အများပါဝင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ အမျက်ဒေါသဟာ နိုင်ငံကို နှစ်ပေါင်း ၅ဝ လောက် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရအပေါ် ရုတ်ချည်းကျရောက်သွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်သင်္ကန်းဝတ် ရဟန်းသံဃာတော်တွေကို အစွဲပြုပြီး အဲဒီဆန္ဒပြလှုပ်ရှားမှုဟာ“ရွှေဝါရောင်တော်လှန်ရေး” လို့ အမည်တွင်သွားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဟာ မြန်မာနိုင်ငံတဝှမ်း ပျံ့နှံ့သွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးတွေ ပေါ်မှာ သိန်းနဲ့ချီတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပါတယ်။ စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် ၁၃ ဦးထက်မနည်းသေဆုံးပြီး၊ ဒဏ်ရာရသူ ဖမ်းဆီးခံရသူတွေနဲ့ ရာနဲ့ချီရှိခဲ့ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ချီတက်ရာမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်အရောက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအရပ်သားအစိုးရ တက်လာခဲ့ပါတယ်။

ဗီဒီယို


အင်ဖိုဂရပ်ဖစ်


ဓါတ်ပုံ မှတ်တမ်းများ


မှတ်သားစရာ ဂဏန်းများ


45

ရက်

ဦးထက်မနည်း 31

ခန့်မှန်းသေဆုံးသူ အရေအတွက်

100,000

ဆန္ဒပြဦးရေ

ကျော် 3,000

ဖမ်းဆီးခံရသူ ဦးရေ

ဖြစ်စဉ်မှတ်တမ်း

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ မှ စက်တင်ဘာလ ၃ဝ အထိ


  • သြဂုတ်လ ၁၅ ရက်နေ့

    မြန်မာစစ်အစိုးရက ကြိုတင်အသိပေးကြေညာခြင်းမရှိပဲ လောင်စာဆီဈေးနှုန်းတွေကို အနည်းဆုံး ၂ ဆကနေ အများဆုံး ၅ ဆအထိ ရုတ်တရက်တိုးမြင့်လိုက်တဲ့ ပြည်သူတွေအကြား ရုပ်ရုပ်သဲသဲဖြစ်သွားခဲ့။ ရန်ကုန်မြို့တွင်း ကားမှတ်တိုင်တွေမှာ လူတွေစုပြုံနေတာကို ဓါတ်ပုံရိုက်ကူးခဲ့သူ လူငယ်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ။


    ရန်ကုန်မြို့ခံတစ်ဦး ပြောပြချက်

  • သြဂုတ်လ ၁၆ ရက်နေ့

    ကိုထင်ကျော်ဦးဆောင်တဲ့ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့က စစ်အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကိုကျဆင်းအောင် သီတင်းတစ်ပတ်အတွင်း မဆောင်ရွက်နိုင်ရင် ဆန္ဒပြဖို့ ကြွေးကြော်။


    ကိုထင်ကျော်ရဲ့ ပြောပြချက်

  • သြဂုတ်လ ၁၇ ရက်နေ့

    စစ်အစိုးရက ကုန်ဈေးနှုန်းကိစ္စ မဖြေရှင်းနိုင်ရင် သြဂုတ်လ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံးဆန္ဒပြမယ်လို့ ကိုထင်ကျော်ဦးဆောင်တဲ့ မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့က ကြွေးကြော်။

    အခြေခံကုန်ဈေးနှုန်းတွေ ထိုးတက်သွားခဲ့တာကြောင့် လစာနဲ့ တခြားခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ ရန်ကုန်လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်သမားတွေ ထောင်နဲ့ချီ တောင်းဆိုဆန္ဒပြ။


    ကိုထင်ကျော်ရဲ့ ပြောပြချက်

  • သြဂုတ်လ ၁၈ ရက်နေ့

    လောင်စာဆီဈေးနှုန်းတွေကို ကြိုတင်အသိပေးကြေညာခြင်းမရှိပဲ ရုတ်တရက်မြှင့်တင်လိုက်တဲ့အတွက် ရဟန်းပြည်သူ၊ ကျောင်းသားကျောင်းသူနဲ့ ဝန်ထမ်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရကြောင်း အစိုးရတရပ် အနေနဲ့ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒီပြဿနာကို အရေးတကြီးဖြေရှင်းပေးဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတွေက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆို။


    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး

  • သြဂုတ်လ ၁၉ ရက်နေ့

    လောင်စာဆီဈေးနှုန်းတွေ အဆမတန်တိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်လမ်းလျှောက်ပွဲတစ်ခု ရန်ကုန်မြို့မှာ ပေါ်ပေါက်။


    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၀ ရက်နေ့

    ရန်ကုန်သံလျင်မှာ အာဏာပိုင်တွေက ထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်နဲ့ကို ဆန့်ကျင်ပြီးသံဃာတော်တွေ ဆန္ဒပြ။


    သံလျင်မြို့ခံတစ်ဦးရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၁ ရက်နေ့

    လောင်စာဆီဈေးအဆမတန်ခုန်တက်သွားခဲ့တဲ့အတွက် လိုင်းကားမစီးဘဲ လမ်းလျှောက်ဆန္ဒပြသူတွေနဲ့ အရပ်ဝတ်အာဏာပိုင်တွေအကြား ထိပ်တိုက်ပဋိပက္ခတွေ ပေါ်ပေါက်။

    ကိုမင်းကိုနိုင်နဲ့တကွ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖမ်းဆီးခံရ။ ရန်ကုန်ကမ္ဘာအေးဘုရားလမ်း သာသနာ့တက္ကသိုလ်မှာ သံဃာတော်တွေ ရာနဲ့ချီ ဆန္ဒပြ။


    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၂ ရက်နေ့

    လူ ၂၀ ကျော် ထပ်မံအဖမ်းခံရပေမယ့် လူ ၃၀၀၀ ထောင်ခန့်ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်။ ဒေါ်နော်အုန်းလှအပါအဝင် ၈ ဦး ဖမ်းဆီးခံရ။


    လူထုဆန္ဒပြပွဲမှာပါဝင်သူ ကိုသန်းနိုင် ပြောကြားချက်

  • သြဂုတ်လ ၂၃ ရက်နေ့

    လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲ ရန်ကုန်နဲ့ နယ်မြို့တွေမှာ ဆက်လက် ပေါ်ပေါက်။ ဆန္ဒပြပွဲတွေကို ပြည်သူလူထုက ထောက်ခံအားပေးခဲ့ကြပေမယ့် အရပ်ဝတ်အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေ၊ ရိုက်နှက်မှုနဲ့အတူ လူ ၂၀ ကျော် ထပ်မံအဖမ်းခံရ။


    လူထုဆန္ဒပြပွဲမှာပါဝင်သူ မယဉ်မာထွန်းရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၄ ရက်နေ့

    လောင်စာဆီဈေးနှုန်း ကျဆင်းရေး တတိယမြောက်နေ့ ဆန္ဒပြပွဲဆင်နွှဲဖို့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စီစဉ်သူ ၂၀ ကျော်ကို အာဏာပိုင်တွေ ဖမ်းဆီး။ ရေနံချောင်းမှာ ဆန္ဒပြ။


    ရန်ကုန်မြို့ခံမျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၅ ရက်နေ့

    လောင်စာဆီဈေးနှုန်းကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုခေါင်းဆောင် ကိုထင်ကျော်ကို အာဏာပိုင်တွေ ဖမ်းဆီး။ မိုးကုတ်၊ ချောက်နဲ့ တောင်တွင်းကြီး စတဲ့ နယ်မြို့တွေမှာ ဆန္ဒပြတွေ ဆက်လက်ပေါ်ပေါက်။


    ကိုထင်ကျော်ဖမ်းဆီးခံရမှု မျက်မြင်တစ်ဦးရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၆ ရက်နေ့

    ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တဲ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ ဆက်လက်ဖမ်းဆီး။


    ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မနီလာသိန်းရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၇ ရက်နေ့

    ပဲခူးမြို့မှာ လူ ၅၀၀ လောက်ပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခဲပါတယ်။


    လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ရဲ့ ပြောပြချက်

  • သြဂုတ်လ ၂၈ ရက်နေ့

    ရန်ကုန်လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြပွဲ ထပ်မံပေါ်ပေါက်လာ။ ဆန္ဒပြသူတွေအကြမ်းဖက် ထိုးနှက်ခံရတာကြောင့် ဟန့်တားခဲ့သူ မစုစုနွေးနဲ့ အာဏာပိုင်တွေအကြားတင်းမာမှုဖြစ်။ ဆန္ဒပြပွဲတွေ စစ်တွေ၊ မိတ္ထီလာ၊ မန္တလေး၊ ကျောက်ပန်တောင်း၊ ကွမ်းခြံကုန်း၊ တောင်ကုတ် စတဲ့ နယ်မြို့တွေမှာ ပြန့်နှံ့ဖြစ်ပွား။


    လှည်းတန်းဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦး

  • သြဂုတ်လ ၂၉ ရက်နေ့

    ရန်ကုန်လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြပွဲ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ညဖက် နေအိမ်တွေမှာ ဝင်ရောက် စီးနင်းဖမ်းဆီးခံရသူ ၃၀နဲ့ ၄၀ ကြားခန့်ရှိ။


    မျက်မြင်တစ်ဦး

  • သြဂုတ်လ ၃၀ ရက်နေ့

    မန္တလေးတိုင်း ကျောက်ပန်တောင်းမြို့နဲ့ ကွမ်းခြံကုန်းမြို့တွေမှာ ဆက်လက်ဆန္ဒပြ။

    ရန်ကုန်မြို့မှာ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေကို မြို့နယ်အနှံ့ ဆက်လက်ပိုက်စိတ်တိုက်ရှာဖွေ။


    နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်ြ

  • သြဂုတ်လ ၃၁ ရက်နေ့

    ခရိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြသူ ကိုစည်သူနဲ့ ကိုသန်းလွင်တို့ ဖမ်းဆီးခံရ။


    တောင်ကုတ်ဒေသခံတစ်ဦးရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၁ ရက်နေ့

    ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ စတင်အစာငတ်ခံဆန္ဒပြ

    လပွတ္တာမြို့နေပြည်သူတွေက ရန်ကုန်မြို့ကို ခရီးရှည်ချီတက်ဖို့ စီစဉ်ခဲ့ကြပြီး၊ မြို့ခံသံဃာတော်တွေကိုပါ ပါဝင်ချီတက်တော်မူကြဖို့ ပင့်ဖိတ်ခဲ့ကြပါတယ်။


    လပွတ္တာမြို့ခံ ကိုအောင်မိုးဝင်းရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၂ ရက်နေ့

    မန္တလေးမြို့မှာ သံဃာတွေနဲ့ ကျောင်းသားပြည်သူတွေ မေတ္တာပို့ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။


    အန်အယ်လ်ဒီပါတီ မန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ဒေါ်ဝင်းမြမြရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၃ ရက်နေ့

    မကွေးတိုင်း ပခုက္ကူမြို့မှာ သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေက မေတ္တာပို့လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။


    ပခုက္ကူမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးမှူး ဦးပိုက်ကိုရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၄ ရက်နေ့

    တောင်ကုတ်မြို့မှာ လူ ၃၀၀၀ လောက်ဆန္ဒပြ။

    လပွတ္တာမြို့ကနေ ရန်ကုန်မြို့ကို ခရီးရှည်ချီတက်ကြဖို့ စီစဉ်ထားတဲ့ ကိုအောင်မိုးဝင်း၊ ကိုကြည်သန်းနဲ့ ကိုဌေးဝင်းတို့ သုံးဦးကို လပွတ္တာမြို့က အထွက်မှာ ဖမ်းဆီး။


    လပွတ္တာမြို့နယ် အန်အယ်လ်ဒီပါတီဝင် ဦးကြည်ဝင်းရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၅ ရက်နေ့

    မကွေးတိုင်း ပခုက္ကူမြို့မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့၊ နေ့လည် ၂ နာရီလောက်က သံဃာအပါး ၅၀၀ လောက်က ပထမဆုံးအကြိမ်ဖြစ် မေတ္တာပို့ လှည့်လည်ခဲ့ကြပါတယ်။ အဲဒီမြင်ကွင်းကို ပခုက္ကူမြို့ခံတစ်ဦးက ဒီလို ပြောပြခဲ့ပါတယ်။

  • စက်တင်ဘာလ ၆ ရက်နေ့

    ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ မကွေးတိုင်း ပခုက္ကူမြို့က သံဃာတော်တွေက သတိပေးဖို့လာတဲ့ အာဏာပိုင်တွေကို ထိန်းသိမ်းပြီးတော့ စီးလာတဲ့ကားကို မီးရွှိ့ဖျက်ဆီး။


    မြို့ခံတစ်ဦးရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၇ ရက်နေ့

    ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ အစိုးရက လောင်စာဆီဈေးနှုန်းတိုးမြင့်လိုက်တဲ့အပေါ် ဆန္ဒပြလမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေကို အာဏာပိုင်တွေနဲ့ စွမ်းအားရှင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီး၊ သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ကြေညာချက်တစ်ရက်ထုတ်ပြန်ခဲ့ပါတယ်။

  • စက်တင်ဘာလ ၈ ရက်နေ့

    ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှာ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆရာတော် သံဃာတော်ကြီး များထံ လျှောက်ထားပန်ကြားလွှာတစ်စောင် ထုတ်ပြန်။


    တိမ်းရှောင်နေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မမီးမီးရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၉ ရက်နေ့

    ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး ဖွဲ့စည်းလိုက်ပြီး၊ မြန်မာစစ်အစိုးရအနေနဲ့ ပခုက္ကူအကြမ်းဖက်မှုနဲ့ပတ်သက်လို့ သံဃာထုအပေါ် ဝန်ချတောင်းပန်တာတွေ မလုပ်ခဲ့ရင် ပတ္တနိက္ကုဇ္ဇနကံဆောင်မယ်လို့ ပထမဆုံးကြေညာချက် ထုတ်ပြန်။


    သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် ရန်ကုန်မြို့ ရဟန်းပျိုသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာလ ၁၀ ရက်နေ့

    မန္တလေးမြို့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်အစိုးရလိုလားသူ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စာတွေ၊ ခြိမ်းခြောက်တဲ့ပစ်စာ၊ သတိပေးစာတွေကို ဖြန့်ဝေ။

  • စက်တင်ဘာလ ၁၁ ရက်နေ့

    မန္တလေးမြို့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်အစိုးရလိုလားသူ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စာတွေ၊ ခြိမ်းခြောက်တဲ့ပစ်စာ၊ သတိပေးစာတွေကို ဖြန့်ဝေ။ ဒီအကြောင်း အခုလို


    မြို့ခံတစ်ဦးရဲ့ ပြောကြားချက်

  • စက်တင်ဘာလ ၁၂ ရက်နေ့

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာရဟန်းတော်တွေအပေါ် စစ်အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ပတ်သက်လို့ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဆရာတော် ဦးသုဝရ ဖမ်းဆီးခံရ။


    ဆရာတော် ဦးသုဝရ

  • စက်တင်ဘာလ ၁၃ ရက်နေ့

    အာဏာပိုင်တွေက အာရုဏ်ဆွမ်းကပ်လှူတဲ့အသင်းတွေ၊ ရပ်ကွက်ဆွမ်းလောင်းအသင်းတွေကို လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့ မန္တလေးနဲ့ စစ်ကိုင်းဘက်တွေမှာ လိုက်လံသတိပေး။


    မြို့ခံတစ်ဦးရဲ့ ပြောပြချက်

  • စက်တင်ဘာလ ၁၄ ရက်နေ့

    ပခုက္ကူမြို့မှာ သံဃာတွေကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်စော်ကားမှုတွေအတွက် သံဃာတွေကို ဝန်ချတောင်းပန်ဖို့ စက်တင်ဘာလ ၁၄ ရက်နေ့အထိ အာဏာပိုင်တွေဘက်က မလိုက်လျောခဲ့တာကြောင့် ကံဆောင်သပိတ်မှောက်မေည်ဖြစ်ကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်။


    သံဃာ့တပ်ပေါင်းစု အဖွဲ့ဝင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာလ ၁၅ ရက်နေ့

    တစ်နိုင်ငံလုံး ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် အစီအစဉ်အသေးစိတ်ကို သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာ။


    သံဃာ့တပ်ပေါင်းစု အဖွဲ့ဝင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာလ ၁၆ ရက်နေ့

    ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်းလုပ်ငန်းအောင်မြင်ပြီးမြောက်သွားအောင် ရဟန်းရှင်လူအားလုံးက တတ်အားသရွေ့ပါဝင်ကူညီဖို့ကို သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် သံဃာတော်တစ်ပါးက တိုက်တွန်း။


    သံဃာ့တပ်ပေါင်းစု အဖွဲ့ဝင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာလ ၁၇ ရက်နေ့

    နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်တာကြောင့် ပတ္တနိက္ကုဇ္ဇန လို့ခေါ်တဲ့ သံဃာထုက ပစ္စည်းလေးပါးကို လက်မခံပဲ ငြင်းပယ်တဲ့သပိတ်ကံကို တိုင်းပြည်အနှံ့သံဃာတော်တွေက ဆောင်ကြဖို့ သံဃာ့သမဂ္ဂီ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က တိုက်တွန်းကြေညာ။


    သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာလ ၁၈ ရက်နေ့

    ပတ္တနိက္ကုဇ္ဇန လို့ခေါ်တဲ့ သံဃာထုက ပစ္စည်းလေးပါးကို လက်မခံပဲ ငြင်းပယ်တဲ့သပိတ်ကံကို တိုင်းပြည်အနှံ့သံဃာတော်တွေက စဆောင်။


    ကံဆောင်သံ

  • စက်တင်ဘာလ ၁၉ ရက်နေ့

    မြန်မာနိုင်ငံတဝှမ်း မြို့ကြီးအတော်များများမှာ သံဃာတော်တွေ ဦးဆောင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်။


    ဆန္ဒပြသံဃာတော်တစ်ပါး

  • စက်တင်ဘာလ ၂၀ ရက်နေ့ ၂ဝ

    ရန်ကုန်မှာ သံဃာတော်တွေ ၃ ရက်မြောက် ကံဆောင်သပိတ်ဆက်လက်ဆင်နွှဲ။


    မြို့ခံမျက်မြင်သက်သေတစ်ဦး

  • စက်တင်ဘာလ ၂၁ ရက်နေ့ ၂၁

    ရန်ကုန်မှာ မိုးသဲသဲမည်းမည်းရွာသွန်းနေတဲ့ ကြားက ထောင်နဲ့ချီတဲ့ သံဃာတော်တွေ ဆက်လက် ချီတက်လမ်းလျှောက်။


    မြို့ခံမျက်မြင်သက်သေတစ်ဦး

  • စက်တင်ဘာလ ၂၂ ရက်နေ့

    ဆန္ဒပြသံဃာတော်တွေ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို ချီတက်မေတ္တာပို့။ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် မျက်ရည်တွေနဲ့ သံဃာတော်တွေကို လက်အုပ်ချီ ဂါရဝပြုနှုတ်ဆက်။


    ဆန္ဒပြ ဘုန်းတော်ကြီးတစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာလ ၂၃ ရက်နေ့

    ရန်ကုန်မှာ မိုးသဲသဲမည်းမည်းရွာသွန်းနေတဲ့ ကြားက ထောင်နဲ့ချီတဲ့ သံဃာတော်တွေ ဆက်လက် ချီတက်လမ်းလျှောက်ခဲ့ကြတဲ့ အကြောင်း မြို့ခံမျက်မြင်သက်သေတစ်ဦးက RFA ကို ပြောပြခဲ့ပါတယ်။


    ဆန္ဒပြ ဘုန်းတော်ကြီးတစ်ပါးရဲ့ မိန့်ကြားချက်

  • စက်တင်ဘာ ၂၄

    နှစ် ၂၀ ကျော်ခန့် ကာလအတွင်း အကြီးမားဆုံးအဖြစ် ရန်ကုန်မြို့မှာ သံဃာတော်တွေ သိန်းနဲ့ချီ ချီတက်ပါဝင် ဆန္ဒပြ။


    ဟာသအနုပညာရှင် ဇာဂနာရဲ့ ပြောပြချက်

  • စက်တင်ဘာ ၂၅

    သံဃာတော်တွေကို အပြင်မထွက်ဖို့ အာဏာပိုင်တွေဘက်က အမိန့်ထုတ်ခြိမ်းခြောက်ထားပေမယ့် သံဃာတော်တွေ သိန်းနဲ့ချီထွက်ပြီး ဆန္ဒပြ


    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဌေးကြွယ်ရဲ့ ပြောကြားချက်

  • စက်တင်ဘာ ၂၆

    ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်း၊ ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး၊ သေဆုံးသူ ၂ ဦးမှ ၅ ဦးရှိ၊ ဖမ်းဆီးခံရသူတွေကို တီအီးကား ၃ ခန့်ဖြင့် အင်းစိန်ထောင်သို့ ပို့၊ ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်း၊ ရုံး၊ ဈေးဆိုင်တွေ ပိတ်ထား။


    မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်

  • စက်တင်ဘာ ၂၇

    ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်း၊ သေဆုံးသူတွေထဲမှာ ဂျပန်သတင်းထောက် ကန်ဂျိနာဂါအိလည်းပါဝင်၊ တောင်ဥက္ကလာ ငွေကြာယံကျောင်းတိုက်အပါအဝင် ဘုန်းတော်ကြီးကျောင်းတွေကို လက်နက်ကိုင် စစ်သားတွေ အကြမ်းဖက်ဝင်ရောက်စီးနင်း၊ အီးယူဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ပြော


    မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်

  • စက်တင်ဘာ ၂၈

    စစ်အစိုးရက အင်တာနက်တွေဖြတ်တောက်၊ ရန်ကုန်မြို့မှာ စစ်အင်အားအထူအထပ်ချ၊ ဆန္ဒပြကျောင်းသား အများအပြား ရိုက်နှက်ဖြိုခွင်းခံရ။


    မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်

  • စက်တင်ဘာ ၂၉

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ရန်ကုန်မြို့သို့ရောက်ရှိ၊ ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေအကြား တင်းမာ၊ ထပ်တိုက်တွေ့မှုများဖြစ်ပေါ်ပြီး လူ ၅၀ လောက် အဖမ်းခံရ။


    ဆန္ဒပြသူတစ်ဦးရဲ့ ပြောကြားချက်

  • စက်တင်ဘာ ၃၀

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီဟာ စစ်အစိုးခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေး

    ရန်ကုန်မြို့မှာ သံဃာ၊ ကျောင်းသားနဲ့ လူထုအင်အား ၂ သောင်းလောက် ချီတက်ဆန္ဒပြ


    ဆန္ဒပြသူတစ်ဦးရဲ့ ပြောကြားချက်