ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး ဆောင် ရွက်နေကြောင်း ဥပဒေကြမ်းကော် မတီ ဥက္ကဌ ပြော


2016.02.04
tuntunhein-620.jpg ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အဟန့်အတားဖြစ်နေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကိုဆိုင်းငံ့နိုင်ဖို့အတွက် NLD ခေါင်းဆောင်တွေ သိမ်သိမ်မွေ့မွေ့ ဆောင်လျက်ရှိတယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ အဖြစ်တာဝန်အပေးခံရသူ ဦးထွန်းထွန်းဟိန်က RFA ကို ပြောပါတယ်။

ဦးထွန်းထွန်းဟိန်ဟာ နောင်ချိုမြို့နယ်ကနေ ပြည်သူလွှတ်တော် ကိုယ်စားလှယ်အဖြစ်အရွေးခံရတဲ့ NLD ကိုယ်စားလှယ်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌအဖြစ် ဖေဖော်ဝါရီ ၄ ရက် လွှတ်တော်အစည်းအဝေးမှာ တာဝန်ပေးခံရတာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးနဲ့ ပတ်သက်ပြီး ဦးထွန်းထွန်းဟိန်က ခုလို ပြောပါတယ်။

"ဆိုင်ငံ့နေတယ်ဆိုတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပဲ ရှိနေတယ်၊ သို့သော်လည်းပဲ ကျနော်တို့က ဒီလိုဆိုင်းငံ့တယ်ဆိုတဲ့ဥစ္စာမျိုးကို ကျနော်တို့ ၁၉၄၇ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတုန်းက တခါ ဆောင်ရွက်ဖူးတယ်ဆိုတာကို တွေ့ရတယ်ပေါ့၊ အဲ့ဒီလိုတွေ့ရတော့ ကျနော်တို့က သမိုင်းမှာ ဒီလိုဆိုင်းငံ့တယ်ဆိုတာ ရှိဖူးပါတယ်လို့ ဒီလိုပြောလို့ရပါတယ်"

ဒါ့ပြင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌအဖြစ်တာဝန်ယူချိန်မှာ ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေပြင် ဆင်ဖို့၊ ပြဌာန်းသင့်တဲ့ ဥပဒေတွေပြဌာန်းဖို့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆောင်ရွက်သွားမယ် လို့ သူက ပြောပါတယ်။

ဦးထွန်းထွန်းဟိန်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။