ပုဒ်မ ၆၆(ဃ) ကို မုံရွာမှာ ကန့်ကွက်ဆန္ဒပြ

2017-06-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မုံရွာမြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မုံရွာမြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
Photo: Aung Ko Latt (facebook)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို မုံရွာမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဟာ မီဒီယာသမားတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို အဓိက ပစ်မှတ် ထားတဲ့ ပုဒ်မတစ်ခုဖြစ်နေတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ မုံရွာမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့ဖြစ်တဲ့ ချင်းတွင်း အင်စတီကျူ့က ကိုကျော်မိုးလှိုင်က ပြောပါတယ်။

"၆၆ ဃနဲ့ မီဒီယာကိုဖိနှိပ်မှုတွေ များလာတယ်ပေါ့နော်၊ ဒီဥပဒေက ဖိနှိပ်ရေး ကိရိယာ၊ ဖိနှိပ်ရေး လက်နက်ဖြစ်လာတယ်ပေါ့၊ နိုင်ငံကျော် မီဒီယာတွေကို ဖိနှိပ်လာတယ် မီဒီယာမှာ ရေးသားချက်တွေကို အစိုးရကသော်လည်းကောင်း၊ ကျန်တဲ့အဖွဲ့အစည်းတွေကသော်လည်းကောင်း ထိလာတာနဲ့ အမျှ ၆၆ ဃ နဲ့ တန်းပြီးတော့လေ အာမခံပေးလို့မရတဲ့ဟာပေါ့၊ အဲဒီလိုပုဒ်မနဲ့ လုပ်ပြီးတော့ ထောင်ထဲ ၃ လထည့် ထားတယ်၊ ဖိနှိပ်လာတယ်လို့ ကျနော်တို့မြင်လို့မို့ ဒီမုံရွာက အရပ်ဘက်အဖွဲ့အစည်းတွေက ၆၆ ဃ ဖျက်ဖို့အတွက် ကျနော်တို့လုပ်ကြတာဖြစ်ပါတယ်"

ဆန္ဒပြသူ တစ်ရာခန့်ဟာ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့် ရရှိရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို သတင်းမီဒီယာသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းလှုပ်ရှားမှုအဖွဲ့(မုံရွာ)က ဦးဆောင်တာ ဖြစ်ပါတယ်။

ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲခံရတဲ့အမှု ၇ဝ ကျော်ရှိနေပြီး မုံရွာမြို့မှာ ၃ မှု ရှိနေပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့