ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ် သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် အဖမ်းခံ ထားရသူတွေရဲ့ မိဘတွေနဲ့ စက်ရုံအလုပ်သမားတချို့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
တောင်သူလယ်သမားများ အကျိုးစီးပွားကာ ကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းရေးဆွဲရေးကော်မတီတို့ ဒီကနေ့နေ့လည်က နေပြည်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ ဝမ်ဟောင်ဟန်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ လုပ်ခလစာတိုးပေးဖို့အတွက် ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့မှာ ဆက်လက် ဆန္ဒပြတောင်း ဆိုနေပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ Voice Of America (VOA) မိသားစုတွေ တနင်္ဂနွေနေ့ ညနေ ပိုင်းက တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင် စုရောက် ဒီမိုကရေစီအဖွဲ့အစည်းတချို့က ဝါရှင်တန်ဒီစီ VOA ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရသတင်း ရပ်ကွက်က ပြောဆိုကြောင်း Japan Times သတင်းစာ က ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသ မီးနိုင်ငံရေး ကိုယ်စားလှယ်အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင် လာဖို့ လက်ရှိအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အားကြိုးမာန်တက် စည်းရုံးဆောင်ရွက်ကြဖို့ အိန္ဒိယနိုင်ငံ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
မြန်မာ့လက်ရှိနိုင်ငံရေး အခြေအနေတွေ ကို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားများတပ်ဦး ဥက္ကဌ ကိုသံခဲနဲ့ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့က ဆိုးလ်မြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးကြပါတယ်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လယ်ယာမြေ သိမ်းဆည်း ခံထားရတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒေသခံကျေးရွာ ၁၃ ရွာအသီးသီးမှာ ပြည်သူ့ လယ်ယာမြေ ကာကွယ်ရေးကော်မတီတွေကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ခန်းမမှာ ကျင်းပခဲ့တဲ့ ကရင်ရေးရာ အစည်းအဝေး က ရွေးချယ်တင်မြောက်လိုက်တဲ့ ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ကော်မတီဟာ ရန်ကုန်မြို့မှာ ဒီကနေ့ စုံညီအစည်းအဝေးတစ်ရပ် ကို နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
ယခင် စစ်အစိုးရ လက်ထက်က တရုတ်နိုင်ငံနဲ့ ချုပ်ဆိုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ်အားလုံးကို ပြန်လည်ပြင်ဆင် ချုပ်ဆိုဖို့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ဒီကနေ့တောင်းဆို လိုက်ပါတယ်။
မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် PNA အဖွဲ့ က တောင်ကြီးမြို့၊ မောက်စံကျေးရွာက ဒေသခံ NLD ပါတီဝင်တွေကို ပါတီဝင်အဖြစ်က နှုတ်ထွက်ခိုင်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို NLD ပါတီက ဒီကနေ့ တိုင်ကြားစာတစ်စောင် ပေးပို့လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့ စနေနေ့မှာရောက်ရှိခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခရီးရောက်မဆိုက်မှာပဲ မြန်မာ လူမျိုးတွေ အမိမြေကိုပြန်လာပြီး တိုင်းပြည် တည်ထောင်ရေးမှာ တတပ်တအားပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မွန်ပြည်နယ် ပေါင်မြို့မှာ မီတာတပ်ဆင်ခငွေကျပ် ဆယ်သိန်း တောင်းခံတာကြောင့် မကျေနပ်ကြတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူတွေဟာ ဒီကနေ့ ရပ်ကွက် ၃ ခုမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာ ရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ရက်စ် (YES) အထည်ချုပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးဖို့ နှစ်ဖက်သဘောတူညီလိုက်ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိ ကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်းပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေကြောင်း တရုတ်အာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောဆို တယ်လို့ ဒီကနေ့တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိ လာတဲ့ NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက် ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေး ကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင် ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေ တဲ့ ရွေ့ပြောင်းလုပ်သားများကို ယာယီ ပတ်စပို့စ် ထုတ်ပေးတဲ့လုပ်ငန်းကို ထိုင်းအာဏာပိုင်တွေက ရက်ပေါင်း ၁၂ဝ ထပ်တိုးပေး လိုက်တယ်လို့ သိရပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော် လာရောက်လည်ပတ်ဖို့ အခုလိုဖိတ်ကြားခဲ့တာဟာ အာရပ် ကမ္ဘာမှာဖြစ်ပေါ်ခဲ့တဲ့ နွေဦးတော်လှန်ရေးနည်းတူ မြန်မာ့နွေဦးလို့ တင်စားရမယ့် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စုက ထောက် ခံကြောင်းပြသလိုက်တဲ့ သမိုင်းဝင်အဖြစ်အပျက်ပါပဲလို့ နိုင် ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆို လိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငဝေါင်ဝမ်ဒေ သမှာရှိတဲ့ ကလောင်ပလန် (kaloplem) အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ ကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ သံရုံးတာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်း ထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က အစိုးရ ဌာနဆိုင်ရာ ရုံးအဆောက်အဦးတွေရှိတဲ့ ဟိုမွန်ရပ်ကွက်ထဲမှာ မေလ ၁၆ ရက် ည ၉ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ တာကြောင့် လူတစ်ဦးသေဆုံးခဲ့တယ်လို့ မူဆယ်မြို့ခံတွေ က ပြောပါတယ်။
ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မယ့် မဟာစင် လေမုန်တိုင်းဟာ မနေ့ကတည်း က ပျက်ပြယ်သွားပြီဖြစ်တဲ့အတွက် ပြည် နယ်အတွင်းက မုန်တိုင်းရှောင် ဒုက္ခသည်တွေအပါအ ဝင် ဒေသခံတွေကို ဒီကနေ့မနက်ကစတင်ပြီး မူလနေရာ အသီးသီး ကို ပြန်လည်ရွှေ့ပြောင်းပေးနေပြီလို့ သိရပါတယ်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)နဲ့ ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ နိုင်ငံတော် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက နိုင်ငံရေး အကျဉ်းသား ၂၃ ယောက် ဒီကနေ့ လွတ်မြောက် လာကြောင်း သတင်းရရှိပါတယ်။ ဒီတစ်ကြိမ် လွတ်မြောက်ရာမှာ တကယ်လို့ ပြစ်ဒဏ် ကျူးလွန်ခဲ့ရင် အရင်ပြစ်ဒဏ်ဟောင်းတွေနဲ့ တစ်ပေါင်းတည်း ပြန်လည်ကျခံဖို့ ခံဝန်ကတိ ပုဒ်မ ၄၀၁ ထိုးစရာမလိုပဲ လွှတ်ပေးလိုက်တာလို့ အင်းစိန်ထောင်က ဖောက်ခွဲသံသယမှုနဲ့ လွတ်မြောက်လာတဲ့ ကိုကံမင်းသာက ပြောပါတယ်။
မဟာစင်မုန်တိုင်းဟာ အခုအခါ အားပျော့သွားပြီဖြစ်ကြောင်း မိုးလေဝသဌာနက ပြောပါတယ်။