အမျိုးသားအဆင့် နိုင် ငံရေးဆွေးနွေးပွဲကို တောင်ကြီးမှာ ကျင်းပခွင့်ရဖို့ တောင်းဆို

2017-02-24
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရှမ်းတိုင်းရင်းသားတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး သို့ ပင်လုံမှာကျင်းပခွင့်ရဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ RCSS တင်ပြတောင်းဆိုတဲ့စာကို တွေ့ရစဉ်
ရှမ်းတိုင်းရင်းသားတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး သို့ ပင်လုံမှာကျင်းပခွင့်ရဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ RCSS တင်ပြတောင်းဆိုတဲ့စာကို တွေ့ရစဉ်
.

ရှမ်းတိုင်းရင်းသားတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး ဒါမှမဟုတ် ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က မနေ့ကရက်စွဲနဲ့ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

အဲဒီတောင်းဆိုစာမှာ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တပ်မတော်က မိုင်းပန်မြို့ မုံးထော်/မုံးထမြို့၊ နမ့်ပန်ခွန်မြို့တွေမှာ ကျင်းပဖို့ဆိုပြီး ပြောဆိုထားပေမယ့် အဲဒီနေရာတွေမှာဆိုရင် ကိုယ်စားလှယ်တွေ သွားလာရေး၊ နေထိုင်စားသောက်ရေးတို့အတွက် အခက်အခဲ ရှိတာကြောင့် အခုလိုတောင်းဆိုလိုက်တာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲကျင်းပဖို့အတွက် လက်ရှိသတ်မှတ်ပေးထားတဲ့နေရာမှာ မကျင်းပနိုင်တဲ့အတွက် လာမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးဖို့ အကြောင်းအရာရှိမှာ မဟုတ်ကြောင်းနဲ့ RCSS အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံကိုလည်း တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ပါရှိပါတယ်။

လာမယ့်မတ်လ နေပြည်တော်မှာကျင်းပမယ့် ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းတိုင်းရင်း သားတွေရဲ့ နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေ တင်ပြနိုင်ဖို့အတွက် ဒီဆွေးနွေးပွဲဟာ အရေးပါကြောင်းလည်း ဖော်ပြ ထားပါတယ်။

 

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့