စစ်ရေးကို စားပွဲဝိုင်းမှာဖြေရှင်းဖို့ ရှမ်းလက်နက်ကိုင်ခေါင်းဆောင် တိုက်တွန်း


2015.02.20
yawd-serk-305 ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS /SSA ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုတွေ့ရစဉ်
Photo: Khun Yarzar/RFA

ကိုးကန့်ဒေသ လောက်ကိုင်ပဋိပက္ခအပါအဝင် ရှမ်းပြည်နယ်နဲ့ တစ်နိုင်ငံလုံးက စစ်ရေးပဋိပက္ခတွေကို စားပွဲဝိုင်းမှာအဖြေရှာဖို့ မိမိအနေနဲ့ တိုက်တွန်းကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS /SSA ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

“ပြဿနာကို လက်နက်နဲ့ဖြေရှင်းလို့မအောင်မြင် ပါဘူး။ ဆွေးနွေးတဲ့နည်းနဲ့ပဲ ဖြေရှင်းရမှာပါ ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖြေမရှာနိုင် ဘူးဆိုရင်လည်း တိုက်ပွဲတွေပြန်ဖြစ်လာနိုင် ပြီး ပြည်သူတွေပဲ ဒုက္ခတွေထပ်မံကြုံတွေ့ ရမှာပါလို့” ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က တောင်ကြီးမြို့မှာ ဒီနေ့ ကျင်းပတဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက လင်းခေးမြို့နယ်အတွင်းမှာ သစ်တောဦးစီးဌာနက ဝန်ထမ်း ၄ ဦး လုပ်ကြံခံရပါတယ်။ အဲ့ဒီလုပ်ကြံမှုဟာ RCSS/SSA လို့စွပ်စွဲခံခဲ့ရကြောင်း အခုမဟုတ်ဘူး ဆိုတာ ပေါ်တဲ့အချိန်မှာ သတင်းမှန်ပြန်ထုတ်ပေးတာမျိုး မရှိတဲ့အတွက် အစိုးရနဲ့ RCSS/SSA အကြား ယုံကြည်မှု ပျက်ပြားစေတယ်လို့လည်း ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့က နေပြည်တော်မှာ ကျင်းပတဲ့ပွဲကို တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးကတိကဝတ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီနေ့က တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှာ ၄ ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။