ရွှေစေတီဆရာတော် ကုလ အထူးကိုယ်စားလှယ်ကို အိတ်ဖွင့်စာ ပေးပို့

ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဆီကို စစ်တွေမြို့က ရခိုင် ဒုက္ခသည်တွေကို စောင့်ရှောက်နေတဲ့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသက မနေ့မနက်ပိုင်းက အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ကြောင်း ဆရာတော်က RFA ကို မိန့်ကြားပါတယ်။
2012-08-01
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
rakhine-riot-shwedagon-b305
၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား၌ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း သေဆုံးသွားသူများအတွက် ဆုတောင်းပွဲ ပြုလုပ်နေစဉ်။
RFA

အဲဒီ အိတ်ဖွင့်ပေးစာမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုး အကြောင်း၊ အိမ်နီးချင်းနိုင်ငံ အသီးသီးနဲ့ ချစ်ကြည်ရေး အကြောင်း၊ ၁၈၂၄ ခုနှစ် နောက်ပိုင်း ကိုလိုနီ လက်အောက်ခံ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတို့ရဲ့ အချုပ်အခြာ အာဏာပိုင်မြေထဲကို လူမျိုးခြားတွေ စိမ့်ဝင်လာခဲ့တဲ့ အကြောင်း၊ ဌာနေ ရခိုင် တိုင်းရင်းသားတွေ မနေနိုင်အောင် အစ္စလာမ်မစ် နိုင်ငံ ထူထောင်လိုတဲ့ ဘင်္ဂါလီ အကြမ်းဖက် စစ်ပွဲတွေအကြောင်းနဲ့ အခု ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့အကြောင်းရင်း စတာတွေကို အကျဉ်းချုံ့ ဖော်ပြထားကြောင်း သိရပါတယ်။

မစ္စတာ ကင်တားနားဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ရတာနဲ့ ပတ်သက်ပြီးတော့ ဆရာတော်က အခုလို မိန့်ကြားပါတယ်။

"ဘုန်းဘုန်း ပေးတာကတော့ ဟိုးအဝေးမှာနေတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရော၊ ယူအင်န် ဝန်ထမ်းတွေရော။ ဘုန်းဘုန်းတို့ ရခိုင်တွေဟာ လူမျိုးကြီး ဝါဒနဲ့ ဘင်္ဂါလီတွေကို ညှဉ်းပန်း နှိပ်စက်နေတယ်ဆိုတာ အဓိက သံသယ မရှိဖို့ လိုပါတယ်။ ဘုန်းဘုန်းတို့ရဲ့ ရခိုင်တွေဟာ ဒီရခိုင်ဒေသမှာ ကိုယ့်မြေ၊ ကိုယ့်နေရာမှာ ကိုယ့်ဘာသာနဲ့ ကိုယ်ဟာနဲ့ကို အေးအေး ဆေးဆေး နေတာကို ဒီဘင်္ဂါလီတွေဟာ အစွန်းရောက် အကြမ်းဖက်လာတာ ဆိုတာကို အဖြစ်မှန်ကို သိစေချင်တဲ့ အနေနဲ့ ဘုန်းဘုန်းက ဒီအိတ်ဖွင့်စာကို ပေးတာ ဖြစ်ပါတယ်"

လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့ မနက်ပိုင်းက ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ပြီး ပဋိပက္ခတွေအတွင်း မြန်မာနိုင်ငံ အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားတဲ့ UNHCR ဝန်ထမ်း (၃)ဦး နဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် မနက် (၁၁) နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့ထဲကို မစ္စတာ ကင်တားနား ဝင်လာချိန်အတွင်း မြို့ခံ (၂၀၀) လောက်က တရားမျှတမှု ရှိပါစေ၊ နိုင်ငံတော် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ၊ ခွဲခြားဆက်ဆံမှု အလိုမရှိ၊ ရခိုင်ပြည်နယ်ကို ကိုဆိုဗိုလို မဖြစ်ပါစေနဲ့ စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး လမ်းဘေး တစ်လျှောက် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Kyaw Kyaw

Please go to learn Chittagongong Hill Tract. And please talk about how’s hill tract people discriminated by Majority Bengali Muslims.
Please link to read at
http://www.jpnuk.org.uk/

Aug 02, 2012 01:52 PM

hla hla

sad news.today rakhine in bangladesh got full right but in burma Rohingya face descrimination although rohingya reach in burma in 7 th cencury.this is different democracy country and dictator country.respect humanright whoever you are monk,soldier,rakhine.

Aug 02, 2012 09:24 AM