စင်္ကာပူကုမ္ပဏီ မြန်မာနိုင်ငံမှာ ဘတ်စ်ကား ထုတ်မည်


2017.06.13
singapore-bus-620.jpg SC Auto ကထုတ်လုပ်ထားတဲ့ ဘတ်စ်ကားတွေကို တွေ့ရစဉ်
.

စင်္ကာပူနိုင်ငံရဲ့ အကြီးဆုံး ဘတ်စ်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ SC Auto ဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆဌမအကြိမ်မြောက် စင်္ကာပူ-မြန်မာဝန်ကြီး အဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးအပြီးမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

သက်တမ်း နှစ် ၂၀ ကျော်ရှိတဲ့ SC Auto ဘတ်စ်ကားထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ ပြည်ပမှာ တိုးချဲ့လုပ်ကိုင်ဖို့ ရည်ရွယ်နေရာမှာ၊ မြန်မာနိုင်ငံဟာ ပထမဆုံးဖြစ်သလို၊ မြန်မာအတွက်နဲ့လည်း ပထမဆုံးဘတ်စ်ကား ထုတ်လုပ်ရေးစက်ရုံ ဖြစ်တယ်လို့ စထရိတ်တိုင်းမ်း သတင်းစာက ဖော်ပြပါတယ်။

ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ စက်ရုံမြေနေရာ စတုရန်းမီတာ တသောင်းခြောက်ထောင် ရရှိထားပြီး၊ ရှေ့ နှစ်၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ လုပ်ငန်းတွေ စတင်မယ်လို့ သိရပါတယ်။ လုပ်ငန်းစတင်တဲ့ ပထမနှစ်မှာ ဘတ်စ်ကားစီးရေ တစ်ရာကျော်ထုတ်လုပ်မှာဖြစ်ပြီး၊  မြန်မာနဲ့ တခြားဒေသတွင်း နိုင်ငံတွေအတွက် ဘတ်စ်ကား စီးရေ ၄ ဆတိုးပြီးထုတ်လုပ်သွားမယ်လို့လည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။