မန္တလေးထောင်က အကျဉ်းသား ၅ ထောင်ကျော် သီတဂူဆရာတော်ကြီး အလှူပေး

မန္တလေးတောင်ခြေ အိုးဘို အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား ၅ ထောင့် ၅ ရာ နီးပါးကို သီတဂူ ဆရာတော် ဦးဉာဏိဿရ ဦးဆောင်တဲ့ တပည့် ဒါယကာ ဒါယိကာမတွေ စုပေါင်းပြီး အစားအသောက်နဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

2010.10.16
mandalay_prison_305_Z.jpg မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

အလှူမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဒါယကာတဦးက အလှူမှာ ထံပေါက်ထမင်းကျွေးပြီး တရားပွဲလည်း လုပ်ခဲ့တယ်လို့ အာအက်ဖ်အေကို ပြောပြပါတယ်။

ဆရာတော်ကြီးရဲ့ အလှူမှာ တပည့် ဒါယကာ ဒါယိကာမတွေကလည်း ထောင်သားတွေအတွက် ပစ္စည်းတွေ ပါဝင်လှူဒါန်းခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဆရာတော်ကြီးဟာ နိုင်ငံရေးလှုပ်ရှားသူတွေ အပါအဝင် မြန်မာတွေ ကြည်ညို လေးစားခံရသူ ဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသား အများအပြား ရှိနေတဲ့ အကျဉ်းထောင်တွေ အကြောင်း မကြာခင်က မှတ်ချက်ပေး ပြောဆိုခဲ့ရာမှာ အကျဉ်းထောင်တွေဟာ အရင်နဲ့မတူ ခေတ်မီ တိုးတက်နေကြောင်း ပြောကြားခဲ့တဲ့အတွက် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ သာမန်ထောင်ကျ အကျဉ်းသားတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသား အတော်များများလည်း အကျဉ်းကျနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2014-07-25 22:19

သာဓု ၃ ခါ ခေါ်လိုက်ပါတယ်။ ထောင်သားတွေ ဘယ်လောက်ပျော်မလဲ ဆိူတာ မှန်းကြည့်ပါ

Anonymous
2010-10-16 06:49

do not post such news here...it makes RFA nothing......be grown up man......