ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို ဒီကနေ့ အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
2012-07-21
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
slum-bago-b305
ပဲခူးတိုင်းအတွင်းတွင် တွေ့ရသော ကျူးကျော်တဲတချို့ ဖြစ်ပါသည်။
AFP

"မနေ့က ဆိုလို့ ရှိရင် လူပေါင်း ၂၀၀ လောက်ရှိတယ်။ ရဲ၊ စစ်တပ်လည်းပါတယ်။ စစ်တပ်က ကုန်းပေါ်က ရပ်ပြီးတော့ ကျနော်တို့ကို ပိတ်ဆို့ပြီးတော့ ဖြတ်သွားတာ။ မနက် ၅ နာရီလောက် ကားနဲ့ ၀င်လာပြီးတော့ အိမ်တွေ ရွှေ့ပေးပါပြောတယ်။ ပြီး ရွှေ့ပေးပါမယ် ပြောတာတောင် မရဘူး။ အခုချက်ခြင်း လူဆင်း၊ အကုန်လုံး ချိတ်တွေနဲ ဆွဲချ၊ ရဲဒင်းနဲ့ခုတ်၊ ပေါက်ဆိန်နဲ့ ပေါက်၊ အကုန် ဆွဲချ ဖျက်ချသွားတယ်။ အခုညဆက်နေမယ်ဆိုလည်း ကျနော်တို့ကို ဖမ်းမယ်။  ဒီထဲမှာလည်း ကွင်းထဲမှာ ပစ္စည်းရော လူရော ဘာတခုမှ မမြင်ချင်ဘူး။ သူတို့က ပြောတယ်။"

အာဏာပိုင်တွေက ကြိုတင်အသိမပေးဘဲ အဲဒီလို မနေ့က မနက်လင်းအားကြီး အချိန်မှာ ရုတ်တရက် ၀င်ရောက် ဖျက်ဆီးခဲ့တာကြောင့် နေထိုင်သူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်း သူကပြောပါတယ်။

အဲဒီနေရာဟာ လေကြောင်းပို့ဆောင်ရေးဌာန ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး အာဏာပိုင်တွေက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးကျော် နေထိုင်သူတွေက  မိုးတွင်းကာလ လွန်မြောက်တဲ့အထိ ဆက်လက် နေထိုင်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသား အသနားခံခဲ့ကြောင်း သိရပါတယ်။

အခုတော့ ဖယ်ရှားခံရတဲ့ ကျူးကျော် နေထိုင်သူတွေဟာ သူတို့ နေထိုင်ခဲ့တဲ့နေရာတွေ အနီးက လမ်းဘေးနဲ့ ချောင်ခြိုချောင်ကြား ကွက်လပ်တွေမှာ ဖြစ်သလို နေထိုင်နေကြရ ပါတယ်။ အဲဒီ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူ အိမ်ထောင်စု ၂၀၀ လောက် ရှိပြီး၊ တချို့ဆိုရင် အဲဒီနေရာမှာ နေထိုင်ခဲ့ကြတာ အနှစ် (၂၀) လောက် ရှိပြီလို့ ဆိုပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

aungtunmin

နေရပ်- no

မန်းလေးမှာဆိုရင်ကန်းကြီးကုန်းနဲဇီးအုပ်ရွာမှာဆို
မတရားတာဗျာ...မရှိလိုနေနေကြတဲမရှိဆင်းရဲသားတွေကို
မင်းမဲ့ပြူကြံပြီး
လူဘားဝတာအလွင်ဘဲ
အနီုင်ကျင့်တယ်
စည်ပင်က

Sep 29, 2012 09:46 AM

အမည်မဖော်လိုသူ

အစ်ကို ပြောတာမှန်ပါတယ် ....ဒါပေမယ့် မြန်မာလူမျိုးတွေက ဒုကခ မရောက်သေးရင်ဖြစ်သလိုလဲ နေလို့ရတယ် ဆိုတာတော့ မမေ့ပါနဲ့အုံး ....ဆွေးနွေးတိုင်ပင် ညိနှိုင်းလို့မရတာ မြန်မာလူမျိုးတွေရဲ့ အကျင့်ဆိုး တစ်ခု ပါပဲ ...

Aug 13, 2012 04:36 AM

အမည်မဖော်လိုသူ

I think, Government should replacement for them first before ask them to leave from there. They are our nation right? why did you do like that? They are poor, and they are image of Myanmar, The Internation will think, In Myanmar doesn't has Human Right. I believe that the Government have fully responsible for them. Because you are Government. Not you are King of that land. We 60 million people own this country, not own by special group.

Jul 22, 2012 01:43 AM