ရှမ်းပြည်နယ်အတွင်း SNDP ပါတီ တရားမဝင် ဂေါဒန်ကျောက်တူးဖော်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပိုင်ဆိုင်တဲ့ ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်မှာ တရားမဝင် ဂေါဒန်ကျောက် တူးဖော်နေတဲ့ အတွက် ဒေသခံဂေါဒန်တူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ထိပ်တန်းကျားဖြူ ကုမ္ပဏီလီမိတက်ကို ကန့်ကွက်တဲ့အနေနဲ့ နေပြည်တော်မှာရှိတဲ့ သတ္တုတွင်းဝန်ကြီးဌာနရုံးချုပ်မှာ နိုဝင်ဘာ(၆) ရက်နေ့က ကန့်ကွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။

2012.11.08
shan-sndp-party-305.jpg ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရုံးခွဲ ဖွင့်ပွဲကို ၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Shan Land)
(Photo: Shan Land)

ထိပ်တန်း ကျားဖြူ ကုမ္ပဏီလီမိတက်ဟာ မောက်မယ်မြို့နယ်မှာ တနေ့ကို တန် (၂၀)လောက် တရားမဝင် သတ္တုတူးဖော် နေတာ ၁နှစ်ခွဲ ၂နှစ်ခန့် ကြာမြင့်နေပြီဖြစ်တာကြောင့် တရားဝင်တူးဖော်နေသူတွေ များစွာနစ်နာဆုံးရံှုးမှုတွေ ရှိနေတဲ့အတွက် ခုလိုကန့်ကွက်စာပေးပို့ ရတာလို့ မောက်မယ်မြို့နယ်က ဂေါဒန်ကျောက် တူးဖော်ရေးလုပ်ငန်းရှင်ဖြစ်သူ ဦးစိုင်းတင်အောင် (ခေါ်) စိုင်းအွတ်က RFA  ကို ပြောပါတယ်။

ဦးစိုင်းတင်အောင်အနေနဲ့ ပထမအကြိမ် တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပေမယ့် တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိတဲ့အတွက်အခုလို နောက်တကြိမ် ထပ်မံကန့်ကွက်စာ ပေးပို့ရတာလို့လည်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်က ထွက်ရှိတဲ့ ဂေါဒန်ကျောက်တွေကို တီကျစ်မြို့နယ်မှာရှိတဲ့ တီကျစ် ဘိလပ်မြေစက်ရုံကို အဓိကထား တင်ပို့နေတယ်လို့ သိရပြီး ရှမ်းပြည်နယ် အစိုးရသတ္တုတွင်းနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။