ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာမယ်

နိုဘဲဆုရ အမေရိကန် စီးပွားရေးပညာရှင် ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ်ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ တက်ရောက် ဟောပြောဖို့ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၉ ရက်မှာ ဒုတိယအကြိမ် လာမယ်လို့ သိရပါတယ်။
2012-02-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒေါက်တာ စတစ်ဂလစ်ဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP က နေပြည်တော်မှာ ကြီးမှူး ကျင်းပမယ့် စီးပွားရေး ဆွေးနွေးပွဲမှာ တက်ရောက် ဟောပြောမှာ ဖြစ်ပါတယ်။ အလားတူ ဖေဖော်ဝါရီ ၁၁ ရက် ရန်ကုန်မှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာလည်း ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး ပညာရှင် ဒေါက်တာ ရောဘတ် ဖင်လေ၊ လန်ဒန် စီးပွားရေးကျောင်းက ပါမောက္ခ ဒေါက်တာလှမြင့်တို့နဲ့အတူ ဟောပြောပို့ချပါမယ်။

ဒေါက်တာ စတစ်ဂလစ်ဟာ ၂၀၀၉ ခုနှစ် မြန်မာပြည် ပထမ ခရီးစဉ်အတွင်းက နေပြည်တော်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေး အကြောင်း ဆွေးနွေး တင်ပြ အကြံပေးခဲ့ပါတယ်။

အခု ခရီးစဉ်မှာတော့ “စုပေါင်း ရေရှည် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောမယ်လို့ သိရပါတယ်။

ဒေါက်တာ စတစ်ဂလစ် မြန်မာပြည်မှာ ငါးရက်ကြာနေထိုင်ပါမယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်