တနိုင်းဒေသခံ ၈၀၀ ကျော် မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၄ ခုမှာ ခိုလှုံ

2017-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
တနိုင်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသူတွေကို တွေ့ရစဉ်
တနိုင်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသူတွေကို တွေ့ရစဉ်
Photo: Doi Bu/ Facebook

တပ်မတော်နဲ့ ကေအိုင်အေတို့ စစ်ရေးတင်းမာနေကြတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေနဲ့ ပယင်းမှော်ဒေ သကနေ ထွက်ပြေးလာတဲ့ ဒေသခံ ၈၀၀ ကျော်ဟာ တနိုင်းမြို့ပေါ်က ခရစ်ယာန်ကျောင်း လေးခုမှာ ခိုလှုံနေကြ ပါတယ်။

မှော်ထဲမှာလာရောက်အလုပ်လုပ်နေကြသူတွေဟာ နေရပ်ပြန်ကုန်ကြပြီး လက်ရှိမှာ ဒေသခံဒုက္ခသည် ရှစ်ရာကျော်ကို စောင့်ရှောက်ပေးထားရတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သင်းအုပ်ဆရာ ဦးဂျယ်ဒီးက ပြောပါ တယ်။

"ကယ်ဆယ်ရေးစခန်း ၄ နေရာပေါ့၊ ၈၇၄ ယောက်လောက်ရှိတယ်၊ လူတစ်ထောင်နီးပါးပဲ၊ ကျနော်တို့ အသင်းတော်တိုင်းမှာ နေရာထိုင်ခင်း စီစဉ်ပေးပါတယ်၊ အခုအသင်းတော်တိုင်းမှာရှိတဲ့သူတွေက နမ်ခန်၊ ကွန်ခရာ၊ ဂါးခါး ကျေးရွာမှာ အတည်တကျနေထိုင်တဲ့သူတွေပါ၊ မှော်သူမှော်သားတွေအားလုံး မြစ်ကြီး နား၊ ရန်ကုန်၊ မန္တလေး ပြန်ကုန်ပြီ’’

ဒီနေ့မှာတော့ နေ့လည်ပိုင်းအချိန်အထိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မနေ့ကမနက်ပိုင်းကတော့ မှော်တွေဆီသွားတဲ့ ၉ မိုင်တံတားအနီးမှာ တစ်နာရီနီးပါးလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအတွက် ဆန်နဲ့ဆီ အဓိကလိုအပ်နေပြီး စားသောက်ကုန်နဲ့ စက်သုံးဆီဈေးတွေလည်း မြင့်တက်နေ တယ်လို့ သင်းအုပ်ဆရာ ဦးဂျယ်ဒီး က ပြောပါတယ်။

ပယင်းမှော်အနီးတဝိုက်က ဒေသခံအများစုဟာ လယ်လုပ်ကြတာများပြီး အခုလိုစစ်ရေးတင်းမာနေ တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြရသလို လယ်လုပ်ငန်းတွေကိုလည်း ပစ်ထားခဲ့ကြရတယ် လို့ ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့