ထိုင်း-မြန်မာ အထူးစီးပွားရေး ဇုန်ု ပြန်လည်လုပ်ကိုင်ဖို့ သဘောတူ


2014.10.09
thai-pm-utheinsein-305.jpg ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာနဲ့ သမ္မတ ဦးသိန်းစိန်တို့ အောက်တိုဘာလ ၁ဝ ရက်နေ့က နေပြည်တော် မှာ နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးစဉ်
Photo: Myanmar President Office

အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန်နှေးကွေးနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံ ကိန်း ပြန်လည်သက်ဝင် လှုပ်ရှားလာနိုင်အောင်၊ ထိုင်း စီးပွားရေးလုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆောင် ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ တို့ သဘောတူညီလိုက်ကြပါတယ်။

လုပ်ငန်းပမာဏ အလွန်တရာကြီးမားတဲ့ ထားဝယ် စီမံကိန်းအတွက် လိုအပ်တဲ့ အခြေခံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ထိုင်း ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်နိုင်ဖို့ ဗိုလ်ချုပ်ကြီး ပရာယွတ်က အဆိုပြုခဲ့တာပါ။

ဒီအတွင်း ထိုင်းသယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီး Arkhom ကလည်း ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းမှာ ဂျပန်အစိုးရ ပူးပေါင်းပါဝင်လာနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရဟာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ဒီစီမံကိန်းအတွက် အီတာလျံ ထိုင်း ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ပါ တယ်။ ဒါပေမဲ့ အရင်းအနှီးကြီးမားလွန်းပြီး၊ လုပ်ငန်းတွေ နှောင့်နှေးနေတာကြောင့် အီတာလျံ ထိုင်း ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။