တောင်ကျရေကြောင့် သပိတ်ကျင်းမှာ နေအိမ်တွေ ပျက်စီး


2017.09.10
thapatekyin-flooding-622.jpg သပိတ်ကျင်းမြို့နယ်မှာ တောင်ကျချောင်းရေကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို တွေ့ရစဉ်
Photo: Thank Zin Oo/ Facebook

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ရေထွက်ကျေးရွာနဲ့ ကျောက်ဖြူကျေးရွာတွေက နေအိမ် ၁၀၀ ကျော် ရေထဲမျောပါပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်တချို့ရေထဲမျောပါသွားပြီး တချို့က နေလို့မရအောင် ပျက်စီးသွားသလို အနည်းငယ်ပျက်စီး သွားတာတွေလည်း ရှိတယ်လို့ ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံး စာရေး ဦးသောင်းဇူ က ပြောပါတယ်။

"လက်ရှိစာရင်းအရတော့ ကျနော်တို့ ရေထွက်မှာ လုံးဝမျောပါသွားတာ ၁၄ လုံးပါ၊ အိမ်က မဖြစ်မနေ ဖျက်ရမယ့်အနေအထား နေထိုင်လို့မရတာ ၁၀ လုံးပေါ့၊ အနည်းအပါး အနည်းအကျဉ်းပျက်စီးသွားတာ ၂၇ လုံး စုစုပေါင်း ၅၁ လုံးပေါ့၊ ကျောက်ဖြူကျတော့လည်း ကျနော်တို့ လုံးဝမျောပါသွားတာ ၈ လုံးပါ၊ နေထိုင်လို့ မရတာ ၄ လုံးပါ၊ အနည်းငယ်ထိခိုက်ပျက်စီးတာတော့ အလုံး ၄၀ ပေါ့၊ စုစုပေါင်း ၅၂ လုံးပါ။"

ဒီနေ့ မနက် ၂ နာရီလောက်မှာ တောင်ကျချောင်းရေတွေ စတင်ကျလာခဲ့တာဖြစ်ပြီး ရေထွက်နဲ့ ကျောက်ဖြူ ကျေးရွာတွေအပြင် ကမ်းပါးနီနဲ့ လိပ်ကျကျေးရွာတွေ မှာလည်း နေအိမ်တွေထဲ ရေတွေ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရေဘေးကြောင့် နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေထံ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်ပျက်စီးသွားတဲ့သူတွေက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး တချို့ကလည်း ဆွေမျိုးအိမ်တွေမှာ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။