မြန်မာ့အရေး The Elders နဲ့ ချင်းမိုင်ရောက် မြန်မာတွေ ဆွေးနွေး

2014.12.13
the-elders-305.JPG ရန်ကုန်မြို့၊ Strand Hotel မှာ စက်တင်ဘာလ ၂၆ ရက်နေ့ကလုပ်တဲ့ The Elders အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
Photo: RFA

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ The Elders ခေါ် ကမ္ဘာ့ ထင်ရှားပုဂ္ဂိုလ်များအဖွဲ့က  ချင်းမိုင်မြို့ရှိ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ WLB အမျိုးသမီးများ အဖွဲ့ချူပ် (မြန်မာနိုင်ငံ) က အထွေထွေအတွင်းရေး မှူး ဒေါ်တင်တင်ညို က

"အဓိကတော့ပေါ့နော် ကျမတို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့ ကိစ္စတွေကို ထောက်ပြတယ်၊ အဲ့ဒီထဲမှာမှ ကျမတို့ ဒီပြီးခဲ့တဲ့လကပေါ့နော် ဒီအစီရင်ခံစာ တစ်စောင် ထပ်ထုတ်တာရှိပါတယ်၊ အဲ့ဒါတော့ အမျိုးသမီးတွေက ဆက်လက်ပြီးတော့မှ ဒီစစ်တပ်ရဲ့ အဓမ္မပြုကျင့်မှုတွေ ဆက်ခံနေရတယ်ဆိုတဲ့ဟာ အဲ့ဒီကိစ္စကိုလည်း ဆက်ပြောတာရှိတယ်၊ အဲ့ဒီအပြင်ကို စစ်ပွဲတွေထပ်ဖြစ်နေတဲ့ ကိစ္စရပ်တွေရယ် နောက်ပြီးတော့မှ အခု ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့နော်၊ ရှေ့ဆက်မတိုးတဲ့ ကိစ္စအဲ့လိုမျိုး ထောက်ပြတယ်၊ သူတို့ဘာပြောသွားလဲဆို မြန် မာနိုင်ငံမှာ ပြဿနာ အကြီးမားဆုံး နှစ်ရပ်ပေါ့နော် အဟန့်အတားနှစ်ရပ်က ရှိတယ်ပေါ့၊ အဲ့ဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နောက်ပြီးတဲ့အခါကျလို့ရှိရင်တော့ ဒီစစ်တပ်ပေါ့လေ၊ အဲ့ဒါကတော့ အဓိက အဟန့်အတားပဲ ဆိုပြီးတော့မှတော့ သူတို့ သုံးသပ်သွားတာတော့ ရှိပါတယ်"

မြန်မာနိုင်ငံမှာ စစ်ပွဲတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြန်ရပ်ဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုတွေရရှိရေးအတွက် မြန်မာအစိုးရကို တောင်းဆိုပေးဖို့ အမျိုးသမီးများ အဖွဲ့ချူပ်ကတိုက်တွန်းခဲ့တယ်လို့ ဆက်ပြောပါတယ်။

ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်များအဖွဲ့ဟာ နေ့လည်ပိုင်းမှာတော့ ပြည်ထောင်စုသိပ္ပံ အဖွဲ့ရုံးကိုသွားရောက်ပြီး လက်ရှိ ငြိမ်း ချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စု သိပ္ပံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးခွန်ဆိုင်း ကပြောပါတယ်။

"ဒီအခု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖြစ်နေတဲ့အခက်အခဲတွေ ပြဿနာတွေကို သူတို့ နားလည်အောင် ရှင်းပြတာပေါ့၊ ဒီနိုင်ငံရေးအရ အခက်အခဲတွေရှိတယ်၊ နောက်ပြီးတော့မှ ဒီအတတ်နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ လည်းရှိတယ်၊ နောက်ပြီးတော့မှ နိုင်ငံရေးနဲ့ တိုက်ရိုက် မပတ်သက်သော်ငြားလည်းပဲ ဒီ ဆက်စပ်တဲ့ အခက် အခဲတွေ စီးပွားရေး မြေယာကိစ္စ မူးယစ်ဆေးဝါးကိစ္စလား စသည်ဖြင့် အဲ့လိုမျိုး အခက်အခဲတွေဆိုတာ တင်ပြတာပေါ့နော်"

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ရာမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေအကြား ကြားခံလူတစ်ယောက် ရှိဖို့လိုနေကြောင်း The Elders ခေါ် ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်များ အဖွဲ့ ခေါင်းဆောင်တွေက ထောက်ပြဆွေးနွေးခဲ့တာ ရှိပေမဲ့ မြန်မာနိုင်ငံသားခန့်ရင်ကောင်းမလား နိုင်ငံခြားသား ခန့်ရင်ကောင်းမလားဆိုတာကိုတော့ တိကျတဲ့ အဖြေမရခဲ့ဘူးလို့ သိရပါတယ်။

The Elders အဖွဲ့မှာ အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ Gro Harlem Brundtland ဦးဆောင်ပြီး ဖင်လန် သမ္မတဟောင်း နို ဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari ၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ အယ်လ်ဂျီး ရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Lakhdar Brahimi နဲ့ ပါကစ္စတန်နိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူ Hina Jilani တို့ ပါဝင်ပြီး ဒီအဖွဲ့ဟာ  မြန်မာနိုင်ငံကို မနက်ဖြန်ခရီးဆက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။