သူရဦးတင်ဦးအတွက် ဆုတောင်းပွဲကျင်းပ

2017-05-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
သူရဦးတင်ဦး ကျန်းမာလာစေဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ရွှေတိဂုံစေတီ မှာ မေလ ၁၈ ရက်နေ့က ဆုတောင်းကြစဉ်
သူရဦးတင်ဦး ကျန်းမာလာစေဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ရွှေတိဂုံစေတီ မှာ မေလ ၁၈ ရက်နေ့က ဆုတောင်းကြစဉ်
Photo: Htet Arkar/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကျန်းမာလာစေဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ဒီကနေ့ညနေပိုင်းက ရွှေတိဂုံစေတီမှာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကုဌာနမှာ ဆေးကုသမှုခံယူနေရပါတယ်။ မေလ ၁၇ ရက်နေ့ မနေ့ညက သူရဲ့နေအိမ် ရေချိုးခန်း မှာချော်လဲပြီး ထိခိုက်ဒဏ်ရာရကာ သတိမေ့မြောသွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြော ထိခိုက်တာကြောင့် အသက်အရွယ်ကြီးတာကြောင့် ဦးတင်ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာရှိနေဆဲပဲလို့ ရန်ကုန်ဆေးရုံကြီးမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ပါတီဝင်တစ်ဦး က ပြောပါတယ်။

နာယက သူရဦးတင်ဦးအတွက် ဆုတောင်းပွဲကို စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ကျင်းပခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့