တူရကီ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ထွက်ခွာ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာကြည့်ရှုဖို့ တူရကီ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Ahmet Davutoglu ဟာ မြန်မာနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
2012-08-08
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ သွေးထွက်သံယို ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး သတင်းအမျိုးစုံ ကြားသိ နေရကြောင်း၊ မြန်မာအစိုးရက လူတစ်ရာ ၀န်းကျင်လောက် သေဆုံးတယ် ဆိုပေမဲ့ မိမိတို့နဲ့ အဆက်အသွယ်ရှိတဲ့ ရခိုင်က မူဆလင် ခေါင်းဆောင်တွေကတော့ သေဆုံးသူ ထောင်ဂဏန်း ရှိတယ်လို့ ပြောဆိုကြကြောင်း တူရကီ နိုင်ငံခြားရေး ၀န်ကြီးက မြန်မာနိုင်ငံကို မထွက်ခွာခင် Ankara မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Davutoglu ဟာ တူရကီ လခြမ်းနီအသင်းက လှူဒါန်းလိုက်တဲ့ ဆေးဝါးနဲ့ တခြားပစ္စည်းတွေကို သယ်ဆောင်သွားပါတယ်။ အဲဒီ အလှူ ပစ္စည်းတွေဟာ ပဋိပက္ခ ဖြစ်ပွားချိန် အတွင်း အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတဲ့ မူဆလင် ဘာသာဝင် ငါးသောင်းကျော်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်သောင်းကျော်အတွက် ဖြစ်ကြောင်း သိရပါတယ်။

အခြေအနေမှန်တွေ၊ ခိုင်လုံတဲ့ သတင်းတွေကို သိရအောင် မိမိကိုယ်တိုင် သွားရောက်ရတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒုက္ခသည်တွေဆီကို အကူအညီတွေ ချက်ခြင်း အမြန်ရောက်ရှိဖို့  ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေး ၀န်ကြီး က ပြောပါတယ်။

အခု ပေးပို့တဲ့ တူရကီ အကူအညီတွေဟာ ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေပြီးရင် မြန်မာအစိုးရက ပထမဦးဆုံး လက်ခံလိုက်တဲ့ ပြည်ပ အကူအညီ ဖြစ်ကြောင်း တူရကီ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Cameron

This Turkish priminister should go to china to see the reality of how chinese Muslim are treaTed by Chinese authoRity instead of going to see Rohinga in Burma. He has no gut to tell chinese to stop ill treatment to Turkish speaking Chinese in China.

Aug 09, 2012 08:08 AM

Ko khine

နေရပ်- USA

It is good news for Myanmar. Let them see what is the real situation in Arakan state Myanmar. They, the Muslim world believed that the Burmese people and security forces were targeting up on those Bengali. Myanmar government have to invite and show all the Muslim world. So that they all know what is happening. When they find out those Bengali were telling lies , they will stop helping and accuse Myanmar government and the security forces.

Aug 08, 2012 11:56 PM

na me hwet

Yes, you are right. People in other countries were told by Rohingya groups that hundreds of their people were killed. People far away from Myanmar do not know which are false news and which are true..

Aug 09, 2012 02:55 PM