ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြန်ခေါ်ဖို့ သမ္မတကို တိုက်တွန်း

ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လက်ရှိအစိုးရ အနေနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီကိုလည်း ဆွေးနွေးသင့်တဲ့ အကြောင်းနဲ့၊ လွပ်လပ်ရေး ကြိုးပမ်းမှုမှာ ပါခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြည်တွင်းကို ပြန်လည် ဖိတ်ခေါ်သင့်တဲ့အကြောင်း ပြည်သူ့ရဲဘော်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဟောင်း ကိုးကိုးကျွန်းပြန် ဦးမျိုးထွဋ်က သမ္မတ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒီနေ့ ရက်စွဲနဲ့ ပေးပို့လိုက်ပါတယ်။
2012-07-06
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
kyaw_zaw_portrait_a_305_z.jpg
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇောတို့၏ (နေ့စွဲမသိ) မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA

ဒီကိစ္စနဲ့ပတ်သက်လို့ ဦးမျိုးထွဋ်က RFA ကိုပြောတာက-

"ပါတီစုံ စနစ်ကျင့်သုံးတယ်ဆိုရင်တော့ ဗကပ ကလည်း ဒီနေ့မတရားအသင်း ကြေညာထားတဲ့ ပါတီတရပ် အနေနဲ့ စေ့စပ် ဆွေးနွေးသင့်တယ်။ နောက်တစ်ခုက တခြားပါတီတွေကို အခွင့်အရေးပေးသလို သူ့ကိုလည်းပဲ တရားဥပဒေအရ တရားဝင်ပါတီ တည်ရှိခွင့် ပေးသင့်တယ်လို့ ကျွန်တော်တို့ ဆိုချင်တာပေါ့ဗျာ။ နောက် ဗိုလ်မှူးချုပ် ကျော်ဇော တို့ဆိုတာက တိုင်းပြည် လွတ်လပ်ရေး အတွက် တကယ် ရှေ့တန်း ကပါဝင်ပြီး တိုင်းပြည်ကာကွယ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဦးနုကိုတောင်မှ ဒီလိုပဲ ပြန်ခေါ်ခဲ့တာပဲလေ၊ အဲဒီတော့ နောက်ဆုံး ခေါင်းချတာ ကတော့ ပြည်တွင်းမှာ ပဲ ခေါင်းချဖို့ ခွင့်ပြုဖို့ ကောင်းတာပေါ့ဗျာ။ သမ္မတကြီးရဲ့ စိတ်သဘာထား အတိုင်းဆိုရင် ဒါလုပ်သင့်တယ် ဆိုတဲ့ ဟာကို ကျွန်တော် တင်ပြချင်တာပါဗျ"

လက်ရှိကာလမှာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဟာ တောတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့အပေါ် အားတက်ကျေနပ်မိတယ်လို့လည်း ဦးမျိုးထွဋ်က ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူ နိုင်ငံရေးအဖွဲ့တွေ အားလုံး ပါဝင်ခွင့်ပြုဖို့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာအစိုးရကို အစဉ်တစိုက် တိုက်တွန်းနေကြပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Yes for Him No for Communist

Jul 12, 2012 03:41 PM

အမည်မဖော်လိုသူ

Most of the" PyiTHuh YeBow" are fireballs. They always have no strong way of politic but choice which side is winning. They always are problem makers like Gen Aung Gyi. If an enemy wins they change their stand to that enemy site. Why Government have to discuss an National Traitor or Uniform changed army to blackmail any Burmese government like Invaded Bangalis..

Jul 08, 2012 02:48 AM

အမည်မဖော်လိုသူ

ဒါဖြစ်သင့်တယ်ပြန်ခေါ်သင့်တယ်

Jul 07, 2012 06:36 AM