နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံမှာ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အာဏာရှင်မူဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့ပေမဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းအောင် ရှေ့ဆက် တိုးသွားနေတာနဲ့ အမျှ အခုဆိုရင် နိုင်ငံ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ် မပါဝင်တော့တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ပြောကြားလိုက်ပါတယ်။
2012-07-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-0621-b305
၂၀၁၂ ခုနှစ် ဇွန်လ ၂၁ ရက်က နိုင်ငံရပ်ခြား အကူအညီအထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် အမှာစကားပြောကြားနေစဉ်။
Photo courtesy of President Office website

စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာနဲ့ မေးမြန်းခန်းမှာ စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမဲ့ အစိုးရ မူဝါဒပိုင်းမှာ မပါဝင်ဘူးလို့ ဦးသိန်းစိန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးနဲ့ ပြည်ပက ထိပါးလာမယ့် အန္တရာယ်တွေကို ကာကွယ်ဖို့ ကာလကြာမြင့်စွာကပဲ တိုင်းပြည်က စစ်တပ်ကို အားကိုး နေခဲ့ရတယ်။ ဒါကြောင့် ခုလိုအချိန်မှာ တပ်မတော်ကို နောက်ချန်ရစ် မထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

တပ်မတော်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘောင်တွင်းမှာ အကန့်အသတ်နဲ့ ပါဝင်တဲ့ အခန်းကဏ္ဍရှိပေမဲ့ အစိုးရ ဒါမှမဟုတ် အစိုးရ မူဝါဒရေးရာတွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှုမရှိဘူး။ သူ့ အစိုးရဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ပန်းတိုင်ကို တက်လှမ်းနိုင်ပြီး နိုင်ငံရေးပိုင်းကို ခေါ်ဆောင်လာနိုင်မယ်လို့လည်း ဦးသိန်းစိန်က အကောင်းဘက်က ရှုမြင် ပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတနိုင်ငံလို့ မပြောနိုင်သေးပေမဲ့ အစိုးရရဲ့ အပစ်ရပ်ရေး ကမ်းလှမ်းချက်ကို လက်မခံဘဲ ကျန်နေသေးတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

၈၁

တပ်မတော်သင်တန်းကျောင်းများမှာ ငါ့သားများစစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ စစ်တပ်ဆိုတာ အမှန်တကယ်သာလိုက်နာနိုင်ရင်ယောကျာ်းကောင်း၊ ယောကျာ်းမြတ်တွေမွေးထုတ်ပေးရာကျောင်းကြီးပေါ့ဟုရေးသားဖော်ပြခဲ့သည်
လိုက်နာနိုင်ရင် ယောကျာ်းကောင်း၊ ယောကျာ်းမြတ် မလိုက်နာနိုင်ရင် ယောကျာ်းမကောင်း၊ ယောကျာ်းယုတ်။

Sep 06, 2012 01:50 AM

နေလင်းထွန်း

ကောင်းပါတယ် သမ္မတက တကယ်ယုံကြည်သင့်တဲ့သူပဲ။ပြီးတော့သူကိုအားပေးတယ်။

Sep 02, 2012 11:08 AM

ကိုဘာဂျာ

နေရပ်- ပလွေကျေးရွာ

ဦးသိန်းစိန်နှင့်ဒေါ်ကြိုင်ကြိုင်ဦးသန်းရွှေနေကောင်လား HEL HEL

Jul 22, 2012 10:20 AM

ဘခင်

နေရပ်- ကလေးရြာ

မိနစ်ပိုင်းအတောအတွင်းကချင်ကိုအပြုတ်တိုက်မယ့်အူသိမ်းစိမ်စကားပြောဆင်ခြင်ပါနော် ဟီးဟီး

Jul 22, 2012 10:09 AM

Leo

Burmese army did not protect the country. It destroyed the country by killing its own people, raped the women,abuse human rights and disintegrate the nations. If you want to see the real event, please go to the conflict zone in the States. Until now his soldiers killed and tortured the villagers. What Thein Sein talked about is to protect his military. He also a former brutal regime.

Actually, no one want war. Everyone want peace! That is the military backed government that created the war! Thein Sein does not have the mandate. It is Than Shwe, the giant.

Jul 13, 2012 12:28 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.