ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ပြောကြား

တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
2012-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-antonio-guterres-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Antonio Guterres နှင့် တွေ့ဆုံစဉ်။
RFA

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြီးအကဲ Antonio Guterres နဲ့ မနေ့က တွေ့ဆုံ ဆွေးနွေးချိန်မှာ အခုလို ပြောကြားခဲ့တာလို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းရာမှာ UNHCR ဒုက္ခသည်စခန်း ဖွင့်လှစ် စောင့်ရှောက်ထားဖို့ ဒါမှမဟုတ် တခြားလက်ခံမယ့် နိုင်ငံတခုခုကို ပို့ဆောင်ပေးဖို့ နည်းလမ်းသာ ရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“သမိုင်းကြောင်းအရ မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ဝင်ရောက်လာတာဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမရခင် အင်္ဂလိပ် နယ်ချဲ့တွေက လယ်ယာ လုပ်ကိုင်ဖို့ ခေါ်သွင်းလာတာ ဖြစ်ကြောင်း၊ အဲဒီအချိန်က အလုပ်အကိုင် ကောင်းမွန်တဲ့အတွက် မပြန်တော့ဘဲ အခြေချ နေထိုင်သူတွေလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မိဘနှစ်ပါးက မွေးဖွားသူ၊ တတိယမျိုးဆက် “မြေး” အဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ရင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီတွေကနေ ပေါက်ဖွားလာသူတွေ၊ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူတွေ စသဖြင့် ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း" ဦးသိန်းစိန်က ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

သမ္မတကြီးပြောစကားကိုအပြည့်အ၀ထောက်ခံပါတယ်။

Jul 23, 2012 01:22 PM

ထွန်းလှိုင်

နေရပ်- myanmar

ရိုဟင်ဂျာရော တရုတ်ကိုပါ ဒီပုံစံအတိုင်းနှီနှင်း
ရမယ်ဆိုတာကို ဦးသိန်းစိန်နဲ့ ဆွေးနွေးပြီးပြီ

Jul 30, 2012 11:43 AM

ကိုရန်နိင်

ရိုဟင်ဂျာတွေတော့ဟုတ်ပါပြီ။ မြန်မာပြည်မာရှိတဲ့တိုင်းရင်းသားအရေးဟေ့ဆိုပြီးအော်ကြပြောကြမယ်ဆိုရင် ရိုဟင်ဂျာတွေတင်မကဘူး၊ ကျွန်တော့်တို့ကိုသွေးဆုပ်ခြေလှဲနေကြတဲ့တရုတ်တွေကျတော့ မြန်မာပြည်ရဲ့တိုင်းရင်းသားအခံတွေဘဲလား။ မြန်မာနိုင်ငံဟာရိုဟင်ဂျာတွေကပြသာနာဖြစ်စေတာထက် တရုတ်လူမျိုးတွေကအထက်ကနေ၀ါးမျိုနေတာကြိတ်မှိတ်ခံစားနေရမှာလားဆိုတာမေးချင်ပါတယ်။

Jul 19, 2012 02:52 AM

မောင်နတ်နန်း

နေရပ်- ကလေး

သမတကြီးပြောတာကို ထောက်ခံပါသည်။ ဘင်္ဂလီတွေဟာ တိုင်းရင်းသားမဟုတ်သည့် အတွက် ၀ံသာနုစိတ်မထားနိုင်ပါ သည်အရေးကို မြန်မြန်ရှင်းထုတ်ရင် နိုင်ငံအတွက်အေးချမ်းသွားပါမည်။ သည့်အတွက်မြန်မြန်အကောင်ထည်ဖော်ပါ သမတကြီးခင်ဗျား...

Jul 18, 2012 05:17 AM

စောဖိုးထူး

တရုတ်လူမျိုးတွေ တော့ အလုံးအရင်းနဲ့ဝင်နေတာတော့ မပြောကြတာ နဲနဲတော့ ထူးနေတယ်ဗျာ လို န၀တ လက်ကျန် ဦးသိန်းစိန် ကို ပြောပြလိုက်ပါ

Jul 17, 2012 07:04 AM

အမည်မဖော်လိုသူ

myanmar president is a real true Buddhist? Who fllow the teaching of Buddha is a true Buddnist....i am doubting about soldiers...as Buddhist...

Jul 16, 2012 08:42 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.