ထွက်ပြေးသူတွေ ပြန်မလာနိုင်အောင် မြန်မာတပ် မီးရှို့ ဖျက်ဆီးတယ်လို့ ကုလ စွပ်စွဲ

2017-10-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
မီးလောင်ထားတဲ့ မောင်တောမြို့နယ်က ရွာတွေကို အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
မီးလောင်ထားတဲ့ မောင်တောမြို့နယ်က ရွာတွေကို အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာလုံခြုံရေးတပ်သားတွေဟာ သန်းဝက်လောက်ရှိတဲ့ မွတ်ဆလင်တွေကို ထွက်ပြေးစေပြီးတော့ သူတို့ပြန်လာမှာစိုးတာကြောင့် အိမ်တွေ၊ ရွာတွေနဲ့ ကောက်ပဲသီးနှံတွေကို မီးရှို့ဖျက်ဆီးကြတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို မွတ်ဆလင်စစ်သွေးကြွတွေ မတိုက်ခိုက်ခင်ကာလတွေထဲက အဲဒီလိုနယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်သလို လူတွေကိုသတ်၊ ညှင်းပန်းနှိပ်စက်ပြီး ကလေးတွေကိုပါ မတရားပြုကျင့်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာ ၆၅ ယောက်ကို တွေ့ဆုံမေးမြန်းပြီးတော့ အဲဒီအစီရင်ခံစာကို ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီး ဇိယက်အယ်လ်ဟူစိန်က အဲဒီစစ်ဆင်ရေး တွေကို ‘လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ပြဌာန်းစာအုပ်’ လို့ သုံးနှုန်းသွားပြီး အဲဒါဟာ အရည်အတွက်များပြား လှတဲ့လူတွေကို အင်အားသုံးပြီး ပြန်လမ်းမရှိအောင်လုပ်တဲ့ပရိယာယ် ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ထည့်သွင်းပြောဆို သွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိတွေဟာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဆက်ဘဇားနယ်မြေထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေ၊ မျက်မြင် သက်သေတွေကို မေးမြန်းပြီး အဲဒီ အစီရင်ခံစာကို ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးတပ်သားတွေဟာ လောင်ချာသေနတ်တွေနဲ့ပစ်ပြီး အိမ်တွေကိုမီးရှို့ခဲ့တယ်လို့ ဒုက္ခသည်တချို့က ထွက်ဆိုတယ်လို့လည်း အစီရင်ခံစာထဲမှာပါရှိပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

michael mgmg kyaing

နေရပ်- Karen state.

UN ရဲ့အပြောအဆိုတွေဟာ တဖက်သတ်ဖြစ်နေတယ်လို့မြင်ပါတယ်...အဖြစ်မှန်ကိုအသေအခြာ လာရောက်ကြည့်လို့ရပါတယ်လို့ နိုင်ငံတော်အတိုင်အပင်ခံက ဖိတ်ခေါ်ပြီးသားပါ..နောက် ရခိုင်အရေးအတွက် မစ္စ ရန်ဟီလီး အမြင်တွေ အသိတွေကလည်း လိုရင်းမရောက်ပါဘူး..ပူးပေါင်းဖေါ်ဆောင်ဖို့ထက် ရန်မီးကိုပိုနေစေတာ ရန်ဟီလီးရဲ့ပျော့ညံ့မှု တွေအများကြီးပါပါတယ် မူလရခိုင်တိုင်းရင်းသားတွနဲ့ အခြားသော တိုင်းရင်းသားတွေရဲ့ စိတ်ခံစားချက်ထက် ဘင်္ဂါလီခေါတောတွေရဲ့ ခံစားချက်ကိုပိုပြနေတာတွေဟာ အဆိုးဆုံးအခြေအနေကိုတွန်းပို့လိုက်တာပါဘဲ..အခြေမမြစ်မရှိတဲ့ဘင်္ဂါလီတွေကို ပြန်လက်ခံစရာအကြောင်းမရှိပါဘူး..93 Agreements နဲ့ ပြည့်စုံအောင်လုပ်ခဲ့ရင် လက်ခံပေးမယ်ဆိုတဲ့ကတိစကားရှိသလို..အခြေအမြစ်မရှိတဲ့ ကမန်းကတန်းပြေးလာလို့ ဘာစာရွက်မှတ်တမ်းမှ မပါဘူးဆိုတဲ့ UN chief ရဲ့ပေါတောတောစကားကို White card, ID card, USDP party card ကိုင်ဆောင်ထားပါတယ်ဆိုတဲ့ဘင်္ဂါလီတွေစကားက ဘယ်ဟာပိုနီးစပ်ပါသလည်း...တိုင်းရင်းသားတစ်ယောက်အမြင်မှာတော့ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုကို ပိုမိုငြိမ်းချမ်းသာယာလာအောင် ဖြည့်စီးပေးကြရမဲ့အစား ဖိအားပေးနေတာဟာပိုပြီးအကျည်းတန်စေပါတယ်..နောက်ဆက်တွဲဖြစ်လာမဲ့ ARSA အကြမ်းဖက်မှု့ တွေ ISIS တွေရဲ့တိုက်ခိုက်လာမှု့ တွေဖြစ်လာရင် ဘယ်သူတာဝန်ယူမှာလည်း..Sorry ဆိုတဲ့စကားတစ်လုံးနဲ့ မြန်မာပြည်သူပြည်သားတွေကို ၀မ်းမချနိုင်ပါဘူး.

Oct 13, 2017 05:44 AM

အမည်မဖော်လိုသူ

Maybe, maybe ! The best way is to give the evidences to them.

Oct 13, 2017 02:26 AM

Cliff

United Nations High Commissioner for Human Rights Zeid Ra'ad Al Hussein’s accusation against Burmese Government and Military is a scurrilous accusation.
The villages were torched and burned down by the Islamic terrorist group the ARSA. Zeid Ra’ad Al Hussein has no single evidence about the Burmese security force was responsible for the burning of Muslim villages.
There’s a proof of Muslim villagers torching homes themselves photos available on the Internet and the pictures were found on dead the ARSA member’s mobile phone.
Why UN Human Rights’ High Commissioner Zeid Ra'ad Al Hussein doesn’t criticize Saudi Arabia bombing in Yemen that killed thousand of Children and causing malnutrition in Children as well as tens of thousands of innocent civilians were killed and their homes was destroyed from Saudi bombing in Yemen? Millions of people were displaced and starved in Yemen because of Saudi Arabia Government’s an extensive bombing in Yemen.
I did hear a single word from UN Human Rights’ High Commissioner Zeid Ra'ad Al Hussein about Saudi Government’s human rights violation in Yemen.

UN Human Rights’ High Commissioner Zeid Ra'ad Al Hussein was only going after Burmese Government because Burma was Buddhist country? The Buddhist has no voice in the UN. He even reports story base on uninvestigated and unreliable statement from Muslim refugee women to UN Security Council. The UN Human Rights Commission Office was misused and abused by Zeid Ra'ad Al Hussein. There was evidence of mass killing of Hindus, Buddhists and also Muslims committed by the Islamic terrorist group the ARSA but Zeid Ra'ad Al Hussein was silence about the war crime committed by the Islamic terrorist group the ARSA.

Did he really deserve the position of the UN High Commissioner for Human Rights?
I don’t think so. I believe in Karma. Time will tell his fate as UN High Commissioner for Human Rights.
God sees the truth, but wait.

Oct 11, 2017 01:35 PM

ဆိုက်တခုလုံးသို့