လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာအစိုးရ လက်မခံ


2017.03.24
zawhtay-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသ အရေးနဲ့ပတ်သက်ပြီး အချက်အလက် ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ဖို့ ကုလသမဂ္ဂ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ရခိုင်ပြဿနာတစ်ခုတည်း ရင်ဆိုင်နေရတာမဟုတ်ဘဲ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေကိုပါ ရင်ဆိုင်နေရတာဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ အဲဒီကြိုးပမ်းမှုတွေအပေါ် အထောက်အကူ မဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ သဘောမ တူကြောင်း ဦးဇော်ဌေးက  ပြောပါတယ်။

"တစ်ချိန်တည်းမှာပဲ ကျနော်တို့ နိုင်ငံ ရင်ဆိုင်နေရတာက ရခိုင်ပြည်နယ် ပြဿနာ တစ်ခုတည်းတင် မဟုတ် ဘူး၊ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေး၊ ကျန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တစ်ခုလုံးကို ကျနော်တို့ က ဆောင်ရွက်နေတဲ့အချိန်မှာ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က ဒီကြိုးပမ်းဆောင်ရွက်ချက်တွေ အပေါ်မှာ အထောက်အကူမပြုတဲ့ သဘောမျိုး တွေ့ရတယ်၊ အထောက်အကူမပြုတဲ့ သဘောမျိုး တွေ့ရလို့ လည်း ကျနော်တို့ နိုင်ငံက ဒါကို ကန့်ကွက်တယ်၊ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ နိုင်ငံက လက်မခံနိုင်ဘူး၊ ကျနော်တို့ နိုင်ငံက ဒါကို ပါဝင်ပတ်သက်ခြင်း မရှိဘူး၊ ကျနော်တို့ ဒီအတိုင်းပဲ ရပ်တည်ထားတာဖြစ်ပါတယ်"

မောင်တောဒေသကို အချက်အလက်ရှာဖွေရေးအဖွဲ့တွေ စေလွှတ်ဖို့အတွက် ကုလသမဂ္ဂက ဒီကနေ့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ဆုံးဖြတ်ရာမှာ အချက်အလက် ရှာဖွေရေးအဖွဲ့တွေကို ချက်ချင်းစေလွှတ်ရမယ်လို့လည်း ပါရှိပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ များစွာရှိနေတယ်ဆိုပြီး ကုလသမဂ္ဂက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။