ကုလ အထူးကိုယ်စား လှယ် မြန်မာနိုင်ငံလာမည်

2017-01-03
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ကို တွေ့ရစဉ်
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ကို တွေ့ရစဉ်
Photo: RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်မယ်လို့ သိရပါတယ်။

မစ္စယန်ဟီးလီရဲ့ ခရီးစဉ် အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း က ပြောပါတယ်။

"သူ့ခရီးစဉ်ကတော့လေ ဒီအချိန်ကတော့ ပုံမှန်ရှိတယ်လေ၊ ပုံမှန်ကတော့ တစ်နှစ်ကို နှစ်ခေါက်ကတော့ ပုံမှန် ရှိတယ်ဗျာ၊ မတ်လလောက်မှာပဲ လူ့အခွင့်အရေးကောင်စီ ထိုင်မယ်ခင်ဗျ၊ အဲဒီဟာအတွက်ကို စီရင်ခံစာတင်ဖို့ အဲ့ဒါပုံမှန်ပါပဲခင်ဗျ"

လာမယ့် ဇန်နဝါရီလ ၈ ရက်နေ့မှာ ရောက်ရှိမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အကြမ်းဖက်မှုတွေဖြစ် ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရွာအပါအဝင် မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းဘက် က ကျေးရွာတွေကို ၃ ရက်ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်စီးနင်း ခဲ့ပြီးနောက်ပိုင်း တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေရာ မှာ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

NLD အစိုးရသစ်လက်ထက်မှာ မစ္စယန်ဟီးလီဟာ ပထမဆုံးခရီးစဉ်အဖြစ် ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၉ရက်နေ့ကနေ ဇူလိုင်လ ၁ရက်နေ့အထိ ၂ပတ်ကြာ လာရောက်ခဲ့ပြီး ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တို့ကို သွားရောက်ခဲ့သ လို နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့