မင်းသမီး အင်ဂျလီနာဂျိုလီ ကချင်စစ်ပြေးဒုက္ခသည်တွေ နဲ့ တွေ့ဆုံ


2015.07.30
jolie-kachin-620.jpg ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ဇူလိုင် ၃ဝ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းကို သွားရောက်စဉ်
Photo: Kyaw Myo Min/RFA

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ အထူးကိုယ်စားလှယ် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စစ်ဘေးဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

မြစ်ကြီးနားမြို့တဝိုက်က ဒုက္ခသည်စခန်းတွေကိုသာ သွားရောက်လေ့လာတာလို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောပါတယ်။

"သူ့ကို မြစ်ကြီးနားတဝိုက်ကတော့ လုံခြုံရေးကောင်းမွန်တဲ့နေရာကတော့ လွတ်လပ်စွာသွားပါလို့ပြောပါတယ်၊ ကျနော်တို့က မမေးပါဘူး၊ သူက UNHCR ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လာတာလေ၊ UNHCR ရဲ့ဆောင်ရွက်ထားမှုတွေ၊ ပူးပေါင်းဆောင်ရွက်တယ် ကြားတဲ့အတွက်ကြောင့် ဝမ်းသာတယ်ဆိုတဲ့အကြောင်း ကျနော့်ကိုပြောပါတယ်၊ ဒါကောင်းပါတယ် နိုင်ငံတကာမှာ နာမည်ကြီးတဲ့ ဟောလိဝုဒ်မင်းသမီးတစ်ယောက်က ကျနော်တို့ ကချင်ပြည်နယ်လာတယ်၊ ကျနော်တို့ ပြည်နယ်သူပြည်နယ်သားများကို စာနာထောက်ထားသော အားဖြင့် လိုအပ်တာများကို ကြည့်မယ်ဆိုတာ ဒါအင်မတန်မှ ကောင်းတဲ့အစီအစဉ်ပါ၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကချင်ပြည်နယ်က IDP စခန်းတွေရဲ့ အခြေအနေလည်း သူသိသွားတာပေါ့"

မင်းသမီး ဂျိုလီဟာ မြစ်ကြီးနားမြို့နားက ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော်နဲ့ ပလန ရပ်ကွက်မှာရှိတဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်လေ့လာပြီး မနက်ဖြန်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

မင်းသမီး အင်ဂျလီနာဂျိုလီ ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်တို့နဲ့လည်း နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။