ပြည်ခိုင်ဖြိုးပါတီ ပြန်လည်ဖွဲ့စည်းရန် ပထမအကြိမ် ညီလာခံ စတင်ကျင်းပ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပထမဆုံးအကြိမ် ညီလာခံကို နေပြည်တော် ဒက္ခိဏသီရမြို့နယ်ကပါတီ ရုံးချုပ်မှာ ကိုယ်စားလှယ် ၈၀၀ ကျော်တက်ရောက်ပြီး ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။ ဒုတိယဥက္ကဌ အဖြစ်တာဝန်ယူထားဆဲ ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက အခုလိုမိန့်ခွန်းပြောကြား ခဲ့ပါတယ်။
2012-10-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
USDP-b305
ကြံ့ခိုင်ဖွံ့ဖြိုးရေး ညီလာခံသို့တက်ရောက်လာသော သူရဦးရွှေမန်း၊ သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်း နဲ့ ကိုယ်စားလှယ်များ
Photo: RFA

(၁)ပါတီတစ်ခုရဲ့ အမြင့်ဆုံးညီလာခံ ဖြစ်သော ပါတီညီလာခံကို ကျင်းပပြီး၊ပါတီဖွဲ့စည်းပုံ စည်းမျဉ်းအား အတည်ပြု ပြဌာန်းရန်၊(၂)ပါတီအား ပြန်လည် ဖွဲ့စည်းရာတွင် အသွင်သဏ္ဍာန်ကော၊အနှစ်သာရပါ ပြည့်စုံတဲ့ ပြည်သူ့ပါတီ အဖြစ် ဖွဲ့စည်းပြီး၊ပါတီတွင်း ဒီမိုကရေစီကို စနစ်တကျကျင့်သုံးခြင်းနဲ့နိုင်ငံတော် တိုးတက် ဖွံဖြိုးစေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပါတီထုတစ်ရပ်လုံးမှတက်ကြွစွာ ပါဝင်ရန်၊ (၃)ပြည်သူ့ပါတီသည်ပြည်သူအကျိုး၊ နိုင်ငံ့အကျိုးအတွက် ဖြစ်ထွန်းစေတဲ့ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်တို့ကို ဤပါတီညီလာခံကြီးမှ ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်သွားရန်တို့ ဖြစ်ပါတယ်။

ညီလာခံကို အောက်တိုဘာ ၁၄ ရက်ကနေ ၁၇ ရက်နေ့အထိ လေးရက်ကြာ ကျင်းပမှာ ဖြစ်ပြီး၊ဒီကနေ့ ကျင်းပတဲ့ ညီလာခံ ပထမရက်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ညီလာခံပထမရက်မှာ ဒေသအသီးသီးက တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေက ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်ထားတာတွေကို အဓိက တင်ပြခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

နေရပ်- ရွှေ မြန်မာ

ပြည်ခိုင်ဖြိုးပါတီ တဲ့ ဘယ်နားကပြည်ခိုင်နေတာလဲ ဆိုတာသိလှရောပေါ့ သူတို့ ကြောင့် တိုင်းပြည်က စည်ပင်ဝဖြိုူးနေပါတယ်.....

Oct 15, 2012 11:23 AM

we`r myanmar

နေရပ်- kepong

ကြံဖွတ်ရေ ဒီတခေါက်တော့  မြောင်းထဲက ဖွတ်ဖြစ်လိုက်ကျတော့ စွမ်းအားရှင်လဲ မတတ်နိုင်တော့ပဲ အားရုတ်ပြီး မစွမ်းနိုင်ရှာတော့ဘူး..... နေရာသာယူချင်ပြီးတော့ တာဝန်မယူနိုင်တဲ့ ဖွတ်ဆိုတာကို အချိန်က ဖော်ပြနေပါပြီးးးးးး .....

Oct 15, 2012 11:19 AM