ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လက်နက်စွဲကိုင်ပြီး အကောင်အထည်ဖော်လို့မရကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောပါတယ်။

ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မန်ဆူဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ နမ္မတူမြို့နယ် နားဆိုင်းကျေးရွာ က စစ်ဘေးဒုက္ခသည် ၁၀၀ ဝန်းကျင်နဲ့ တွေ့ဆုံစဉ်မှာ ဒုတိယသမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီးတချို့ဟာ ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ လည်း ဒေသခံတွေ စစ်ဘေးဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးမြို့ဖက်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ဆရာ၊ ဆရာမတွေနဲ့ မုံးကိုးရဲစခန်းမှာ ကျဆုံးခဲ့တဲ့ ရဲဝန်ထမ်း ၁၆ ဦးရဲ့ မိသားစုဝင်တွေကိုလည်း မူဆယ်မြို့မှာ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေတွေ ပေး အပ်ခဲ့ပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ မူဆယ်မြို့မှာ ဒုက္ခသည်တွေ ကို အကူအညီပေးနေတဲ့ ကရုဏာအဖွဲ့က ဦးသောင်းထွန်းက ပြောပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် တို့ပါဝင်ပါတယ်။