Y-8 လေယာဉ်ရဲ့ Black Box ကို ရှာဖွေတွေ့ရှိ

2017-06-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
Y-8 Black Box ကို ဇွန်လ ၁၈ ရက်နေ့ က ဆယ်ယူရရှိစဉ်
Y-8 Black Box ကို ဇွန်လ ၁၈ ရက်နေ့ က ဆယ်ယူရရှိစဉ်
Photo; တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

Y-8 လေယာဉ်ပျက်ကျမှုမှတ်တမ်းကို ဖော်ထုတ်ပေးနိုင်မယ့် Black Box ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တာကြောင့် လေ ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့က ပျက်သွားတဲ့ တရုတ်ပြည်လုပ် Y-8 လေယာဉ်ရဲ့ အမှတ် ၅၈၂ဝ အမှတ်အသားပါရှိ တဲ့ လေယာဉ်အမြီးပိုင်းကို ဇွန်လ ၁၅ရက်နေ့က တွေ့ရှိခဲ့ပြီး ဇွန်လ ၁၈ရက်နေ့မှာ ဆယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Black Box လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှုနဲ့ လေယာဉ်ဦးပိုင်း ပြောဆိုမှု မှတ်တမ်းတင် ကိရိယာက လေယာဉ်ပျံ သန်းနေချိန် လေယာဉ်ရဲ့ အချက်အလက်အားလုံးကို မှတ်တမ်းတင်ပေးထားတဲ့ စက်ဖြစ်ပြီးတော့ အဲဒီစက်ထဲ မှာ လေယာဉ်မောင်းခန်းထဲက အသံတွေကို ၂၅နာရီကြာ ဖမ်းယူထားနိုင်တယ်လို့လည်း သိရပါတယ်။

Y- 8 လေယာဉ်ပျက်ကျမှုကြောင့် ပျောက်ဆုံးနေသူတွေကို ဇွန်လ ၁၈ရက်နေ့က ရှာဖွေနေရာ အမျိုးသားရုပ် အလောင်း တစ်လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းရုပ်အလောင်း ၉၂ လောင်း တွေ့ရှိထားပြီးဖြစ်ပါတယ်။ Y-8 လေယာဉ်ပေါ်မှာ ၁၂၂ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ၃ဝ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့