ရာသီဥတုကြောင့် လေယာဉ် ပျက်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန်


2017.07.18
y-8-crash-620.jpg Y-8 လေယာဉ်သွားရာ လမ်းကြောင်းက တိမ်တွေပုံ
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က မြိတ်မြို့မှ ရန်ကုန်မြို့ကို ပျံသန်းစဉ် တနင်္သာရီကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျသွားခဲ့တဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ဟာ ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်တယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

လေယာဉ်ပျက်ကနေ ပြန်လည်ဆယ်ယူရရှိခဲ့တဲ့ Black Box ခေါ် FDR (Flight Data Recorder) ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ နဲ့ CVR (Cockpit Voice Recorder) လေယာဉ်မောင်းခန်း ပြောကြားမှုအသံဖမ်းစက်တို့ကို ကျွမ်းကျင်သူတွေက စစ်ဆေးခဲ့ရာမှာ အဲဒီလေယာဉ်ဟာ မသမာမှု တစ်ခုခုကြောင့် သော်လည်းကောင်း၊ ပေါက် ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် သော်လည်းကောင်း ၊ လေယာဉ်အင်ဂျင်ချို့ယွင်းရပ်တန့်မှုကြောင့်သော် လည်းကောင်း မဟုတ်ဘဲ ရာသီဥတု ဆိုးဝါးပြင်းထန်လွန်းတဲ့အတွက် လေယာဉ်ကို ထိန်းသိမ်းမရတော့ပဲ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရတယ်လို့ တပ်မတော်ပြန်ကြားရေးအဖွဲ့ရဲ့ ဇူလိုင် ၁၈ ရက်နေ့ မနေ့ က ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။