အခြေခံလူတန်းစားတွေ အတွက် အိမ်ရာစီမံကိန်း ၅ ခုအကောင်အထည်ဖော်

ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ ခု အကောင်အထည်ဖော်ပြီး အခြေခံလူတန်းစားတစ်ရပ် လက်လှမ်းမှီဝယ်ယူနိုင်မယ့် တန်ဖိုးနှုန်းထားတွေ နဲ့ ရောင်းချသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

2012.11.14
ycdc_housing_grassroots305 ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပသည့် အခြေခံလူတန်းစားတွေအတွက် အကောင်အထည်ဖော်မည့် အိမ်ရာစီမံကိန်း(၅)ခုအကြောင်း အသိပေးသည့် ရှင်းလင်းပွဲအား တွေ့ရစဉ်။
Photo:RFA/Nay Myo Htun

ရန်ကုန်မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့   ရှင်းလင်းပွဲမှာ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက၂၀၁၅ ခုနှစ်မတိုင်ခင် စည်ပင်ပိုင် နယ်နိမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ခု အကောင်အထည်ဖော်နိုင်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်တဲ့ အစီအစဉ်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

တည်ဆောက်သွားမယ့် အိမ်ရာစီမံကိန်းတွေကို ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သုံးခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ တစ်ခု၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာတစ်ခု အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပြီး အခန်းပေါင်း ၉၅၂၈ ခန်း ပါဝင်မယ်လို့ သိရပါတယ်။

အဲဒီအိမ်ရာစီမံကိန်း ၅ခုမှာ မြေဧက ၁၉၀ ဒသမ ၂၉ ဧက အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီအိမ်ရာစီမံကိန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက် အကောင်အထည်ဖော်ပြီးတဲ့နောက်ပိုင်း ရောင်းချမှုတွေကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။