လူငယ်ဆိုင်ရာမူဝါဒ အစိုးရရေးဆွဲနေ


2016.06.10
htumay-anp-620.JPG ရခိုင်အမျိုးသားပါတီရဲ့ ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအတွက် လူငယ်ဆိုင်ရာမူဝါဒတခုရေးဆွဲဖို့ပြင်ဆင်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာမှာ လူငယ်ဆိုင်ရာမူဝါဒ ရှိတာတွေ့ရပြီး မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် အဲ့ဒီမူဝါဒရေးဆွဲဖို့ အစီအစဉ်ရှိ/မရှိကို တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မေးမြန်းတဲ့အခါ ဝန်ကြီးကပြန်လည်ဖြေဆိုတာလို့ ရခိုင်အမျိုးသားပါတီရဲ့ ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က ပြောပါတယ်။

"လူငယ်မူဝါဒနဲ့ပတ်သက်ပြီးတော့ မေးခွန်းကို တနင်္သာရီတိုင်းက ကိုယ်စားလှယ်တစ်ယောက်မေးတယ်၊ သူများနိုင်ငံတွေမှာ လူငယ်နဲ့ပတ်သက်ပြီးတော့ မူဝါဒတွေရှိကြတယ်၊ မြန်မာနိုင်ငံမှာ လုံးဝမရှိဘူးပေါ့၊ အဲ့ဒါနဲ့ မူဝါဒစာရင်းစစ်ဖို့ရှိ မရှိနဲ့ ဘယ်တော့ရေးဆွဲမှာလဲဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ မေးပါတယ်၊ လူမှုရေးဝန်ကြီး သူကတော့ ရက်တစ်ရာစီမံကိန်းမှာ ထည့်ထားပါတယ်၊ ကျနော်တို့ ရေးဆွဲနေပါတယ် ၊ ရေးဆွဲတဲ့အခါလည်း လူငယ်တွေကိုယ်တိုင်ပါဝင်အောင် ကျနော်တို့ လုပ်သွားမှာပါဆိုပြီးတော့ ပြော သွားတယ်"

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်ကွန်ရက်အဖွဲ့တွေ မုံရွာမြို့မှာ မနက်ဖြန်ကစပြီး ကျင်းပမယ့် Myanmar Youth Forum ၂ဝ၁၆ မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲကိုလည်း လွှတ်တော်ကနေ ကိုယ်စားလှယ်တွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။

မုံရွာမြို့မှာ မနက်ဖြန်ကစပြီး ကျင်းပမယ့် Myanmar Youth Forum ၂ဝ၁၆ မြန်မာလူငယ် တွေ့ဆုံဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်လို့ ကျင်းပရေးဦးဆောင်ကော်မတီဝင် ကိုဘိုဘို ကို  RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။