သတင်းစာဆရာကြီး မောင်ဝံသနဲ့ ဒဂုန်တာရာ
ရှစ်လေးလုံး လူထုအုံကြွမှု ဖြစ်ခဲ့တာ ၂၃နှစ် ကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထု လိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ ရှစ်လေးလုံး စိတ်ဓာတ်ကို ဆက်လက် သယ်ဆောင်သွားရမှာ ဖြစ်ကြောင်း စာရေးဆရာ၊ သတင်းစာဆရာကြီး မောင်ဝံသက ပြောကြားလိုက်သလို၊ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာကလည်း ခေတ် အဆက်ဆက်မှာ ကျောင်းသားတွေဟာ လူထု လှုပ်ရှားမှုတွေကို ဦးဆောင်လေ့ရှိပြီး အဲဒီ လှုပ်ရှားမှုတွေဟာ လိုအပ်နေစဲ ဖြစ်ကြောင်း ပြောပါတယ်။ ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
အယ်ဒီတာ ဦးစိန်လှဦး
၁၉၈၈ ခုနှစ်တုန်းက ဗိုလ်တထောင်သတင်းစာ အယ်ဒီတာတဦးဖြစ်တဲ့ ဦးစိန်လှဦး (ယခု NDF ပါတီ ခေါင်းဆောင်) ကလည်း ရှစ်လေးလုံး အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတာ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးကျော်သူ နှင့် ကိုဇေယျာသော်
၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ အက်ဆစ် Hip Hop တေးဂီတအဖွဲ့ ခေါင်းဆောင် ကိုဇေယျာသော်တို့ကလည်း သူတို့ရဲ့ ရှစ်လေးလုံး အတွေ့အကြုံတွေ ဝေငှထားတာကို ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။
ဦးဌေးအောင် နှင့် ဒေါ်ခင်ဥမ္မာ
ရှစ်လေးလုံးကာလ ကျောင်းသားဘဝမှာ ဦးဆောင် လှုပ်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဌေးအောင် နဲ့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့က ဒေါ်ခင်ဥမ္မာတို့ရဲ့ ပြန်ပြောင်း ပြောပြချက်တွေကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။