သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-27
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်မပြုသ၍ မြန်မာ့နိုင်ငံရေးမှာ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြည်ပအခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2012-05-27
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ကွင်းအမှတ် ၅၃၁ နဲ့ ၅၃၃ မှာရှိတဲ့ လယ်မြေ ၈၃၅ ဧက ကို သီးစားလုပ်ကိုင်ခွင့် အတွက် ဒေသခံ လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီတို့ အပြိုင်လျှောက်ထားရာမှာ ဇေကမ္ဘာ ကုမ္ပဏီကိုသာ သီးစားလုပ်ကိုင်ခွင့် ပြုကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့ နေ့စွဲနဲ့ စာထုတ်ပြန်လိုက်ပါတယ်။
2012-05-27
ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ်ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။
2012-05-27
အိန္ဒိယဝန်ကြီးချုပ် Manmohan Singh ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ တရားဝင်ခရီးစဉ်ကို ဒီနေ့ စတင်လိုက်ပြီး သူ့ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။
2012-05-26
ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။
2012-05-26
Amnesty International အဖွဲ့ရဲ့ဖိတ်ခေါ်ချက်အရ လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုဇာဂနာ ဗြိတိန်နိုင်ငံကို မကြာခင် သွားရောက်မယ်လို့ သိရပါတယ်။
2012-05-26
နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်ဖ်အေကို ပြောဆိုပါတယ်။
2012-05-26
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-05-26
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-05-26
အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့ သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ ဓါတ်ပုံတွေကို အင်တာနက်အီးမေးတွေ ကနေ တဆင့် လက်ခံရရှိခဲ့ပါတယ်။
2012-05-26
အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်မှာ ရှိတဲ့ Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံက အလုပ်သမားတွေကို ရွှေညဝါဆရာတော်က တနေ့ ထမင်းနှစ်နပ်စာ ဒီနေ့လည်း ဆက်လက်လှူဒါန်းပါတယ်။
2012-05-26
အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။
2012-05-26
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။
2012-05-25
မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံမလောက်ဖြစ်နေတာကို ကူညီဖို့အတွက် မြန်မာ့ဓာတ်အားပေးလုပ်ငန်း အဆင့်မြှင့်တင်ပေးရာမှာ ပူးပေါင်းပါဝင်ရေး ဆွေးနွေးကြဖို့ မိမိတို့ပြည်တွင်းက ကုမ္ပဏီတွေကို အားပေး တိုက်တွန်းမယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
2012-05-25
သောကြာနေ့ ညနေပိုင်းက ပုသိမ်မြို့ မြိုနယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြောင်း သတင်းရရှိပါတယ်။