သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-22
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က မြန်မာနိုင်ငံတွင် မကြာမီက ဖြစ်ပေါ်ခဲ့သော ဘာသာရေး အငြင်းပွားမှု အခြေခံသော ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2012-04-22
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က နိုင်ငံရေး အကျဉ်းသား ကိုအောင်မိုးဇော်နဲ့ ကိုရန်ရွှေတို့ရဲ့ မိဘတွေဆီကို ဒီကနေ့ သွားရောက်တွေ့ဆုံပြီး အားပေးခဲ့တယ်လို့သိရပါတယ်။
2012-04-22
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
2012-04-22
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်တက်ရမယ့် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် (၄၃) ဦးအတွက် လွှတ်တော်ဆိုင်ရာ ဥပဒေများအကြောင်း (၄) ရက်တာသင်တန်း ဒီကနေ့မှာ ပြီးဆုံးပါတယ်။
2012-04-22
ဧပြီလ ၂၃ ရက် မနက်ဖြန်မှာ ပြန်လည်စတင်မယ့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
2012-04-21
မြန်မာအစိုးရသစ်ရဲ့ ငွေကြေးလဲလှယ်မှုစနစ် ပြုပြင် ပြောင်းလဲလိုက်တဲ့ အပေါ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde က ချီးမွမ်းစကား ဆိုလိုက်ပါတယ်။
2012-04-21
အာရှတိုက်တလွှားက လူ့အခွင့်အရေးဆိုင်ရာ သတင်းပေးပို့ချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အာရှအသံ ( Radio Free Asia ) အပါအဝင် AFP၊ CNN၊ Al Jazeera၊ Time မဂ္ဂဇင်း စတဲ့ သတင်းဌာန (၉) ခုကို လူ့အခွင့်အရေး သတင်းဆု ချီးမြှင့်လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့ကြီး တစ်ခုက စနေနေ့က ကြေညာလိုက်ပါတယ်။
2012-04-21
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ လွှတ်တော်တွင်း ကျိန်ဆိုရမယ့် ကျမ်းသစ္စာ အသုံးအနှုန်း ပြုပြင်ပြောင်းလဲပေးဖို့ အဆိုကို မနက်ဖြန် တနင်္လာနေ့မှာ စတင်ကျင်းပမယ့် တတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အာအက်ဖ်အေကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2012-04-21
မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။
2012-04-21
မဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဝှမ်းဒေသ ၅ နိုင်ငံကို ဂျပန်နိုင်ငံက ဒေါ်လာ ၇ ဘီလျံကျော်ဖိုး ထောက်ပံ့ ကူညီမယ်လို့နှစ်ဘက်အစိုးရတွေက ကြေညာလိုက်ပါတယ်။
2012-04-21
ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင် ဖတ်တနာ ပင်လယ်အစားအစာ စက်ရုံက မြန်မာ အလုပ်သမားအရေး ကိစ္စကို ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက သံမှူးကြီး ဦးမျိုးတင့်၊ အလုပ်သမားရေး တာဝန်ခံနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက သွားရောက် ညှိနှိုင်းပေးခဲ့ရာမှာ အဆင်ပြေ သွားပြီလို့ သိရပါတယ်။
2012-04-20
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မဲခေါင်ဒေသ (၅) နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့၊ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားအောင် အကူအညီပေးကြဖို့ ဂျပန် လုပ်ငန်းရှင်တွေကို ပန်ကြားလိုက်ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။
2012-04-20
တစ်ချိန်က စစ်အာဏာရှင် စိုးမိုးအုပ်ချုပ်ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေ စုပြုံဝင်ရောက်နေတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။
2012-04-20
မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။
2012-04-20
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီ ပတ်စ်ပို့စ် ထုတ်ပေးရေးရုံး (၂) ရုံးကို ဘန်ကောက်နဲ့ စမုတ်ပရာကန်တို့မှာ သက်ဆိုင်ရာက ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။