သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-23
ဒီကနေ့ နေ့လည်ပိုင်းက NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ သီးသန့် တွေ့ဆုံပွဲမှာ NLD ကိုယ်စားလှယ်တွေအနေနဲ့ အရည်အချင်း ပြည့်ဝပြီး ပြည်သူတွေ အားကိုးရလောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်အောင် ပြင်ဆင်ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း သိရပါတယ်။
2012-05-23
ရန်ကုန်မြို့မှာ ဒီကနေ့ ညပိုင်းမှာလည်း လျှပ်စစ်မီး ၂၄ နာရီရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော်မှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ စီစဉ်သူတွေက RFA ကို ပြောပါတယ်။
2012-05-23
သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက သတင်းရေးသားသူ သတင်းထောက် နာမည်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုချက်ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။
2012-05-23
ဒီကနေ့ မေလ (၂၃) ရက်နဲ့ လာမယ့်ဇွန်လ (၅) ရက်အကြား ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
2012-05-22
အင်္ဂါနေ့ညက ရန်ကုန်၊ မန္တလေးနဲ့ ပြည်မြို့တွေမှာ လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရန်ကုန်မြို့ဆူးလေစေတီအနီးမှာ လူတစ်ထောင်ခန့် ဖယောင်းတိုင်တွေထွန်းပြီး ဆန္ဒပြခဲ့ကြတယ်လု့ိ သိရပါတယ်။
2012-05-22
ပဲခူးတိုင်း ပြည်မြို့မှာ မနေ့ည ရှစ်နာရီခွဲခန့်က ပြည်သူလူထု ၁၀၀ ခန့်က လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိကာ ချီတက် ဆန္ဒပြကြတယ်လို့သိရပါတယ်။
2012-05-22
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့လျှပ်စစ်မီး အလုံအလောက် မဖြန့်ဖြူးနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့ကြီးတချို့မှာ လူထုဆန္ဒဖော်ထုတ် ပြသမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
2012-05-22
လျှပ်စစ်မီး (၂၄) နာရီ ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ၊ ကွန်ယက်အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်သလို အဖွဲ့အစည်းဝင် မဟုတ်သူတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဆော်သြသူတွေက ပြောပါတယ်။
2012-05-22
မန္တလေးမြို့ ၂၄ နာရီ မီးလင်းရေးအတွက် မေလ (၂၀) ရက်နေ့ကစတင်ပြီး နှစ်ရက်ဆက်တိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေက ဒီကနေ့ မနက်အစောကြီးကတည်းက စတင် ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။
2012-05-22
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။
2012-05-21
အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆက်လက်တောင်းဆိုနေကြတဲ့ လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြ အလုပ်သမားတွေကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားနဲ့ လူငယ်အဖွဲ့အစည်း အသီးသီးက အဖွဲ့ဝင်တွေ မနေ့က (တနင်္လာနေ့က) သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2012-05-21
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၊ Johns Hopkins တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ ရရှိရေး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
2012-05-21
အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley က မြန်မာစစ်အစိုးရအပေါ် ပြဋ္ဌာန်းထားတဲ့ စီးပွားရေး ပိတ်ပင်မှုဥပဒေကို ထပ်မံသက်တမ်းတိုးဖို့ တနင်္လာနေ့မှာ အဆိုပြုလိုက်ပါတယ်။
2012-05-21
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးဟာ အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည (မြန်မာစံတော်ချိန် တနင်္လာနေ့ မနက်ပိုင်း) က တယ်လီဖုန်း ဆက်သွယ် ပြောဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ခိုင်မာလုံခြုံမှုရှိအောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ထားရှိသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
2012-05-21
လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် မုံရွာမြို့ခံ ပြည်သူ တစ်ထောင်နီးပါး မနေ့က ည (၇) နာရီကနေ (၉) နာရီကျော်ထိ မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။