သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-18
အိန္ဒိယ မြန်မာနှစ်နိုင်ငံ ပူးပေါင်း အကောင်ထည်ဖော်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဟာ ချင်းပြည်နယ် အကျိုးစီးပွားအတွက် ရေရှည်အကျိုးပြုနိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ချင်းတိုးတက်ရေးပါတီ (CPP) က ပြောဆိုလိုက်ပါတယ်။
2012-04-18
ဗကသများအဖွဲ့ချုပ်က ပုံနှိပ်ထုတ်ဝေတဲ့ အိုးဝေစာစောင်ဟာ ၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေနဲ့ ငြိစွန်းတဲ့အကြောင်း စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက အိုးဝေစာစောင် တာဝန်ခံတွေကို ဒီနေ့မနက်က ခေါ်ယူရှင်းလင်း ပြောဆိုခဲ့ပါတယ်။
2012-04-18
KIO - KIA ခေါင်းဆောင်ပိုင်း တချို့က အဓမ္မစစ် ဆင်နွှဲခိုင်းနေတာကို လက်မခံနိုင်တော့တဲ့ KIA တပ်ဖွဲ့ဝင် (၄၀) ကျော်ဟာ အစိုးရထံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ချ အလင်းဝင်ကြတယ်ဆိုပြီး ဒီကနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြလိုက်သလို၊ KIO - KIA ခေါင်းဆောင်တွေရဲ့ သဘောထား တင်းမာမှုကြောင့် ကချင်ပြည်သူတွေ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးကွာနေရဆဲ ဖြစ်တယ်လို့ အစိုးရသတင်းစာက ဆိုပါတယ်။
2012-04-18
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ အနီးပတ်ဝန်းကျင်က သက်ကြီးရွယ်အို ၇၀၀ ကို မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်နဲ့အတူ ရွေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက သက်ကြီးပူဇော် ကန်တော့ပွဲတရပ်ကို မနေ့က ကျင်းပခဲ့ပါတယ်။
2012-04-18
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်မှာ မြန်မာနှစ်ဆန်းနှစ်ရက် ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-04-18
သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရဝန်ကြီး အဖွဲ့ဝင်တချို့ဟာ ဂျပန်နိုင်ငံကို လာမယ့် ဧပြီလ ၂၀ ရက်နေ့ ကနေ ၂၄ ရက်နေ့အထိ သွားရောက်လည်ပတ်ပြီး ဂျပန်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
2012-04-18
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို သွားရောက် လည်ပတ်မယ်လို့ သိရှိရပါတယ်။
2012-04-17
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေအနက် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကို အင်္ဂါနေ့က လျှော့ချပေးလိုက်ပါတယ်။
2012-04-17
ဥရောပသမဂ္ဂ အီးယူ အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ကထက် ပိုပြီး လျှော့ပေါ့သွားမယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ မစ္စ ကက်သရင်း အက်ရှတန်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
2012-04-17
မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲကိစ္စကို အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ အမေရိကန်နဲ့ အိန္ဒိယအစိုးရတို့ ဆွေးနွေးပွဲမှာ အဓိက အကြောင်းအရာတစ်ခုအဖြစ် ထည့်သွင်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။
2012-04-17
၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ရဲ့ ဝပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာ ၂၃ နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းက ဝထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့ စစ်ရေးပြကွင်းမှာ ကျင်းပရာမှာ ဧည့်ပရိသတ် နှစ်သောင်းခန့် တက်ရောက်တယ်လို့ သိရှိရပါတယ်။
2012-04-17
ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ရန်ကုန်မြို့ အင်းလျားကန်မှာ ဒီကနေ့ သွားရောက် ငါးလွှတ်ပြီး ကမ္ဘာအေးဘုရားမှာ ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။
2012-04-17
ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အခြေပြ HDI ၂၀၁၁ ခုနှစ် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး စာရင်းထဲမှာ ပါရှိနေပါသေးတယ်။
2012-04-17
နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သောကြာ ဆုတောင်းအဖွဲ့က ဒီကနေ့ မနက် ၇ နာရီမှာ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ ပဏ္ဍိစ္စာ ရာမ ပရိယတ္တိကျောင်းတိုက်မှာ သံဃာတော်အပါး (၁၀၀) ကျော်ကို အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းပြီး သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။
2012-04-17
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖင်လန်နိုင်ငံအစိုးရက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ရဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။