သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
အစိုးရနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ ရာသီဥတု ဆိုးရွားတာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
မြန်မာအစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် မျှော်လင့်ချက် ထားဖို့လိုအပ်သလို အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ ကေအန်ယူ အကြီးအကဲက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာတဲ့အပေါ် EU ခေါ် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာမှာ ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အကောက်အခွန်ဆိုင်ရာ ဥပဒေ အသစ်တွေကို ဖေဖော်ဝါရီလကုန်ပိုင်း လောက်မှာ လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဘို့စ်မြို့မှာ နိုင်ငံတကာ စီးပွားရေး ညီလာခံ တက်ရောက်နေတဲ့ မြန်မာ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နာမည်ကျော် အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ မကြာခင် ပေးအပ် တော့မယ်လို့ ပြောလိုက်ပါတယ်။
တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက မိမိပြုစုတဲ့ “လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” အမည်ရှိ စာအုပ် နှစ်ထောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီကနေ့ လှူဒါန်းကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ စတင်ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Quintana ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို မနက်ဖြန် စတင်ပါမယ်။
ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
၁၉၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တယောက်အကြောင်းကို နောက်ခံပြု ရေးသားထားတဲ့ စာရေးဆရာ မျိုးကိုမျိုး ရဲ့ လမင်းဖြူရဲ့ကောင်းကင်ဆိုတဲ့ လုံးချင်းဝတ္ထုသစ်ကို မကြာခင်ရက်ပိုင်းက ထုတ်ဝေ ဖြန်ချိခဲ့ပါတယ်။
မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ဥရောပ အာဆီယံ စီးပွားရေး စင်တာ ( EABC ) ဥက္ကဌ မစ္စတာ ဒင်နီယယ် က အခုလိုပြောဆိုလိုက်ပါတယ်။
အခုတစ်ပတ် ဦးသစ်ဆင်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပညာသင်ဆုအကြောင်း တင်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ဆု နဲ့ လေ့လာသင်ယူနေ ကြတဲ့ မြန်မာ စာသင်သားတွေက သူတို့ရဲ့ အတွေ့အကြုံတွေ ဆွေးနွေးဝေငှတင်ပြကြတာကို ကြားရမှာဖြစ်ပါတယ်။
မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ အလုပ်သမားအရေး ဆောင်ရွက်သူ တွေကို ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Guy Ryder နဲ့ ရန်ကုန်မြို့ ILO ရုံးတာဝန်ခံ Steve Marshall တို့က ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
မန္တလေး NLD တိုင်းရုံးကို လာရောက်ပြီး ပါတီဝင်အဖြစ် လျှောက်ထားခဲ့တဲ့ လူငယ်ရှေ့နေ ၁၉ ဦး ကို မန္တလေးတိုင်း NLD က လက်ခံခဲ့ပြီး ဒီကနေ့ သီးသန့်အခမ်းအနားတရပ်ပြုလုပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တာဝန်တွေပေးအပ်ခဲ့တယ်လို့ မန္တလေးတိုင်း NLD ပါတီ တိုင်းအောင်နိုင်ရေးကော်မီတီဝင် ရှေ့နေဦးမျိုးဆွေက အာအက်ဖ်အေကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပါတယ်။
မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစားသွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ လွန်ခဲ့တဲ့နှစ် ၂၀ က ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ တောင်ကြီးမြို့မှာ ဒီကနေ့ နေ့လည်က သဘောတူ လက်မှတ်ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်တဲ့ ပြောင်းလဲ တိုးတက်မှုတွေကို တွေ့လာရကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောကြားလိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အားလုံး ၀ိုင်းဝန်း လုပ်ကြဖို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခြံမှာ ကျင်းပတဲ့ Live Together with Wetland “ရေတိမ်ဒေသ အလှတွေနဲ့ အတူ” ဓာတ်ပုံပြပွဲမှာ တိုက်တွန်းသွားပါတယ်။
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ သံဃာတွေကို ဒီကနေ့ ဆုံးမ သြ၀ါဒပေးပြီး ၀င်ရောက် သီတင်းသုံးနေတဲ့ ကျောင်းတိုက်က ထွက်ခွာဖို့ ၀န်ခံ လက်မှတ်ထိုးခိုင်းတယ်လို့ လက်မှတ် ရေးထိုးခဲ့တဲ့ သံဃာတွေက အာအက်ဖ်အေကို မိန့်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။
အချစ်-ဟာသ ဝတ္ထုတွေနဲ့အောင်မြင်နေတဲ့ စာရေးဆရာ မျိုးကိုမျိုး အခု နောက်ဆုံးထုတ်ဝေမယ့် လမင်းဖြူရဲ့ ကောင်းကင် ဆိုတဲ့ လုံးချင်းဝတ္ထုဟာ ၁၉၈၈ နိုင်ငံရေးနောက်ခံနဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကို ဇာတ်ကောင်ထား ရေးသားထားတဲ့ စာအုပ်ပါ။
မြန်မာနိုင်ငံက လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ပုဂ္ဂလိကနဲ့ အစိုးရဌာနတွေအားလုံး လက်တွဲ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂ အာရှပစ္စိဖိတ်ဒေသဆိုင်ရာ အကြီးအကဲက မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ World Economic Forum ထိပ်သီးညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို အန်အယ်လ်ဒီ ပါတီရဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး (Campaign manager) အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။
အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး သံဃာ့ ခေါင်းဆောင် ဦးဂမ္ဘီရ အပါအ၀င် မဂ္ဂင်ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ သံဃာတော် ငါးပါးကို ပြစ်မှု ကျူးလွန်နေတဲ့ ရဟန်းတော်များဟု သုံးနှုန်းပြီး ဇန်န၀ါရီ ၂၅ ရက် ရက်စွဲနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က စာထုတ် ဆင့်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။