သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက်
သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်သန်းနီးပါးဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ "နိုင်ငံသားစိစစ်ရေး" ကိစ္စ ဆောင်ရွက်ဖို့ ပျက်ကွက်ရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီကနေ့
သတိပေး လိုက်ပါတယ်။
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု အမြန်ဆုံး လိုအပ်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအဖွဲ့က ပြောလိုက်ပါတယ်။
အာဆီယံ နိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့က လာမယ့်ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။
လှိုင်သာယာ စက်မှုဇုန် (၃) တိုင်ရီဖိနပ်စက်ရုံမှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြတဲ့ အလုပ်သမား အတော်များများက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလိုက်ကြပြီး ယာယီဦးဆောင် ကော်မီတီတစ်ရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ကြပါတယ်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်မြို့နယ်အတွင်းမှာ ဒီကနေ့ မနက် ၈ နာရီလောက်က တန်ဖိုးနည်း ကျပ် ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားသူ ၁၁ ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးဟန့်တားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က အချက်လေးချက်ပါတဲ့ “မြစ်ကြီးနား ပဲ့တင်သံ” ကြေညာချက် ဒီကနေ့
ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးအဆင့်မှာ ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် အကူအညီတွေ ပိုမိုပေးဖို့ လိုအပ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (INCB)ရဲ့ ၂၀၁၁ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ရွှေတိဂုံဘုရား တပေါင်းပွဲတော်မှာ ကျောင်းသားနဲ့ လူငယ်အဖွဲ့ ဆယ်ဖွဲ့လောက်ပေါင်းပြီး “အဖြူရောင်တွဲလက်များ”ဆိုတဲ့အမည်နဲ့ ကချင်ပြည်နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် ဈေးရောင်းပွဲ ကျင်းပနေတယ်လို့
သတင်းရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီကြောင်း တင်ပြ ကန့်ကွက်ချက်ကို ရန်ကုန်တိုင်းဒေသကြီး တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။
ရွှေပါရမီတောရ ဆရာတော်လို့ လူသိများတဲ့ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျပ်ငွေ ၁၂၈ သိန်း
လှူဒါန်းကြောင်း သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်အရ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်တပါးဖြစ်သူ အရှင်ဝီရသူက အကျဉ်းထောင်တွေမှာ
ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် အာဏာပိုင်တွေထံ စာရေးသား တောင်းဆိုထားပါတယ် ။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို လာမယ့် မတ်လ ပထမပတ်ထဲမှာ ပြန်လည် မှတ်ပုံတင်ဖို့ ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ် ၁၅ ဦးကို ရွေးချယ်ထားပြီး
လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ ဖော်ဆောင်တဲ့ ထိုင်းအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီဟာ ရေဖြူမြို့နယ် ဘ၀ါကျေးရွာမှာ ဘူဒိုဇာတွေနဲ့ မြေနေရာတွေ
ရှင်းလင်းနေပြီး စက်မှုဇုံလုပ်မယ့် နဘူးလည်ရွာမှာ လျော်ကြေး မပေးတော့ဘဲ ဥယျာဉ်ခြံမြေတွေကို ဈေးနှိမ်ပြီး လိုက်ဝယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ၊ ပခုက္ကူမြို့နယ်တွေကို အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်တဲ့အခါ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ
အဆိုတော်တွေနဲ့ ဟာသပညာရှင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ကိုယ်တိုင် လိုက်ပါကူညီဖို့ ရှိကြောင်း သိရပါတယ်။
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့အဖွဲ့ဟာ ဒီကနေ့ ရမည်းသင်းနဲ့ မြင်းခြံဘက်ကို ခရီးလှည့်လည်နေပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေခံသဘောတရားတွေကို လိုက်လံ ဆွေးနွေးနေကြောင်းသတင်းရရှိပါတယ်။
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့တဲ့ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းက အလုပ်သမားတွေကို ရေဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ လ၀ကဦးစီးမှူး၊ သမဝါယမဦးစီးမှူးတို့က မနေ့က လာရောက် စစ်ဆေးပြီး စာတင်တဲ့အလုပ်သမားတဦးချင်းစီကို လက်မှတ်ထိုးခိုင်းလို့ မကျေမနပ် ဖြစ်နေကြပါတယ်။
NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို ဒီကနေ့ညနေ (၆)နာရီလောက် ရောက်ရှိသွားပြီး သုံးခွမြို့နယ်မှာ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်အတွက် မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
နေပြည်တော်က ဇမ္ဗူသီရိနဲ့ ပုဗ္ဗာသီရိ မြို့နယ်တွေအတွက် ဆိပ်နမ်ဒုန်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ NLD ပါတီ ရုံးခန်းရှေ့ မြေစိုက်ဆိုင်းဘုတ်ကို အမည်မသိသူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့ အာရုံတက်အချိန်မှာ လာရောက် ဖျက်ဆီးသွားကြောင်း သိရပါတယ်။
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ထွက်လာနေပြီ ဆိုတဲ့ ပြောဆို ဝေဘန်ချက်တွေနဲ့ ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားကြသင့်မလဲ ဆိုတဲ့အကြောင်းတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
မြန်မာနိုင်ငံမှာ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးခရီးစဉ်အဖြစ် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အဖွဲ့ ၁၁ ဦးဟာ မြစ်ကြီးနားမြို့က နေ မန္တလေးမြို့ကို ဒီကနေ့ ညနေ ၄ နာရီခွဲက ရောက်ရှိလာပါတယ်။
မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စ တို့ မော်လမြိုင်မြို့မှာ ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက် အယူခံလွှာ တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ဖြေရှင်းချက်ပေးမယ့်စာကို တနင်္လာနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေခဲ့တဲ့ အမေရိကန် စစ်သားတွေရဲ့ ရုပ်ကလာပ် အကြွင်းအကျန်တွေ ရှာဖွေရေးလုပ်ငန်း ရပ်ဆိုင်းထားတာကို
ပြန်လည် လုပ်ကိုင်နိုင်ဖို့ အမေရိကန် အစိုးရက မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက ကမ်းလှမ်းလိုက်ပါတယ်။
မြန်မာအစိုးရက အရေးယူတော့မယ်လို့ သတင်းစာမှာ ကြေညာလိုက်တဲ့ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပေါ်မှာ ကန့်သတ် ချုပ်ချယ်ထားတွေအားလုံးကို
ရုပ်သိမ်းပေးဖို့ အမေရိကန်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးမရှိရင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး
အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်မှာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
မန္တလေးတိုင်းအတွင်းက နိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့အစည်းများနဲ့ သွားရောက်တွေ့ဆုံနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင်တွေ မြန်မာနိုင်ငံမှာ ပွင့်လင်း
လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကနေ့ မန္တလေးနဲ့ ပြင်ဦးလွင်မှာ ဆောင်ရွက်နေပါတယ်။
မြစ်ဆုံစီမံကိန်း ရပ်တန့်သွားအောင် ဆောင်ရွက်ခဲ့သူကို ဖိတ်ကြားပြီး ဒီကနေ့ ဘာသာပေါင်းစုံ ကျေးဇူးတော် ချီးမွမ်းပွဲကို မြစ်ဆုံမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို
၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် ဧရာဝတီချစ်သူ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကာတွန်းဆရာတွေလည်း တက်ရောက်ခဲ့ပါတယ်။