သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
အင်းစိန်ထောင်အတွင်းမှာ သေဒဏ် အပြစ်ပေးခံထားရတဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ယက္ခ (ခေါ်) မင်းနေဝင်းနဲ့ နိုင်ချိန်းဂကောင်း (ခေါ်) မျိုးသွေးတို့ကို မော်လမြိုင်မြို့ ကမ်းနားလမ်း ဟော်တယ်မှာ ဒီကနေ့ နေ့လည်က
တရားဝင် လွဲပြောင်းပေးအပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
မြန်မာအစိုးရဟာ ပြည်ပနိုင်ငံတွေရဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်ထားတာကို ထောက်ပြ ဝေဖန်လေ့ရှိပေမယ့် အစိုးရကိုယ်တိုင်က မြန်မာပြည်သူတွေကို
ပိတ်ဆို့ အရေးယူထားကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာကျိန်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံတဲ့အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို အခုထက်ပိုပြီး ဖယ်ရှား လျှော့ချပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နိုင်ငံတကာကို ဒီကနေ့
တိုက်တွန်းလိုက်ပါတယ်။
ယခုကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ NLD က
ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
မနေ့က ပြောဆိုလိုက်ပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လာမယ့် ဇွန်လကစပြီး ဆိုက်ရောက် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊
လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက
ဖော်ပြပါတယ်။
ဒီကနေ့  မနက် ၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေး - မြစ်ကြီးနားသွား အမှတ် ၃၃ အိပ်စင် အဆန်ရထားဟာ မိုးညှင်း မြို့ နယ် မော်ဟန်ကျေးရွာကနေ တစ်မိုင်အကွာမှာ မိုင်းထိပြီး တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့
စီစဉ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့
တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက
သတင်းထောက်တွေကို ပြောဆိုပါတယ်။
မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Ban Ki-moon ဟာ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိလာပြီး မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ရန်ကုန် UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးက ပြောကြားပါတယ်။
အခု တစ်ပတ် အာအက်ဖ်အေ ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်လောင်းတွေ လွှတ်တော်ဝင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုရေးအတွက်
စာသားတချို့ ပြောင်းလဲပေးဖို့ တောင်းဆိုထားတဲ့ ကိစ္စအပေါ် ဝေဖန်သံမျိုးစုံ ထွက်ပေါ်နေတဲ့ အကြောင်းတွေကို အခြေခံပြီး တင်ပြ ဆွေးနွေးထားပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကောင်းအောင် ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားးကို ထိခိုက်စေမယ့် ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ
ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်း အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း အဆက်မပြတ် ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်၊ နို့ဖိုးဒုက္ခသည်စခန်းမှာ ဧပြီလ (၂၅) ရက်နေ့က ဒုက္ခသည်တွေ အတွက် တောင်းဆိုဆန္ဒပြမှုမှာ ဦးဆောင်ခဲ့သူတွေကို တပ်ခ်ခရိုင် ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်၊
မြန်မာနိုင်ငံမှာ အီးယူ ဥရောပသမဂ္ဂဆိုင်ရာရုံးကို ဒီကနေ့ စနေနေ့မှာ တရားဝင် ဖွင့်လှစ်မယ်လို့ အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ Catherine Ashton က မနေ့က မြန်မာပြည်ကို မထွက်ခွာခင်မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ
Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။
မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ကံကောက်ရပ်ကွက်က နေအိမ်တွေကို လုပ်ငန်းရှင်နဲ့ ဒေသခံအာဏာပိုင် ပေါင်းပြီး ဈေးနှိမ်ဝယ်ယူ သိမ်းပိုက်နေသလို သဘောမတူတဲ့ အိမ်ရှင်တွေကို တရားစွဲမယ်လို့ သတိပေးစာ ပို့တယ်လို့ သိရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဆရာ ဆရာမတွေကို ပန်ကြားလွှာနဲ့ ကျောင်းသား ကျောင်းသူတွေကို တိုက်တွန်းလွှာ ၂ စောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက မဲခေါင်မြစ်ထဲမှာ တရုတ် ကုန်တင်သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့ရတဲ့အမှုမှာ သံသယရှိသူ ဘိန်းဘုရင် နော်ခမ်းကို လာအို အာဏာပိုင်တွေက ဖမ်းဆီးရမိပြီး တရုတ် အာဏာပိုင်တွေထံ
လွှဲပြောင်းပေးလိုက်တယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ မြေယာတွေကို အဓမ္မသိမ်းယူနေတာတွေကို ရပ်စဲသွားအောင် နိုင်ငံတော်သမ္မတကြီး အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က
မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆက်ဆံမှုတွေ မတူခဲ့ကြလို့ အရင်က နှစ်ပေါင်းများစွာ အဖုအထစ်ဖြစ်ခဲ့ကြတဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့တို့ ကြားမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့
နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့
ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေကို တစ်ဆင့်တိုးပြီး ဆောင်ရွက်လုပ်ကိုင်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေကြောင်း အမေရိကန် အထက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီမှာ မနေ့က ကျင်းပခဲ့တဲ့
မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ကြားနာပွဲမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Mr. Adam Szubin က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး နယ်မြေ ၄ ခုက လယ်ယာမြေ ဧက စုစုပေါင်း ၃၂၀၀ ကျော် အသိမ်းခံခဲ့ရတဲ့ တောင်သူ လယ်သမားတွေဟာ မနေ့မနက်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးရှေ့ကို သွားရောက်စုဝေးပြီး မိမိတို့ နစ်နာဆုံးရှုံးရတာတွေ အတွက်
ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရန်ကုန် ဗြိတိသျှသံရုံးက နေပြည်တော်မှာ ရုံးခွဲတစ်ခု ဖွင့်လှစ်တော့မယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ William Hague က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။