သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက
ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘန့်နိမ်ရာ (ဘန့်နှစ်ရာလို့ မြန်မာအများအသံထွက်ပါသည်) အရပ်မှာရှိတဲ့ Royal Tax (ရိုင်ရယ် တပ်စ်) အထည်ချုပ်စက်ရုံက မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၀၀) ကျော်
လုပ်ခတိုးတောင်းတဲ့အတွက် စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ မောင်းထုတ်လိုက်တယ်လို့
စုံစမ်းသိရပါတယ်။
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် ကန်ထရိုက်တွေ ရယူထားတဲ့
လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကိုယ်စား လယ်သမား အရေးဆောင်ရွက်နေတဲ့
ဦးဝင်းချိုဟာ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြိုရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့မှာ ဒီနေ့ မနက်ပိုင်းကနေ မွန်းလွဲပိုင်း အထိ တောင်းဆို ဆန္ဒပြပါတယ်။
ပြည်မြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တချို့ကို
အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲနဲ့ မြို့နယ်တာဝန်ရှိသူတွေကို အရိုက်ခံရသူတွေက
ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး
ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့
ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားခရီး စတင်နေပြီဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိုင်ယာလန်နိုင်ငံကို ရောက်ရှိတဲ့အခါ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ချီးမြှင့်ခဲ့တဲ့ဆုကို U2 တေးဂီတအဖွဲ့က ကမ္ဘာကျော် အဆိုတော်
Bono က ပေးအပ်မှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ်
မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
အခြေခံအလုပ်သမား အခွင့်အရေးတွေအတွက် ဆန္ဒပြတောင်းဆိုနေမှုတွေအပေါ် အလုပ်ရှင်နဲ့ အလုပ်သမားတွေအားလုံး အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်ပင်ညှိနှိုင်း ဖြေရှင်းကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြတဲ့ မှော်ဘီ မြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို စက်ရုံပိုင်ရှင်က လိုက်လျောလိုက်ပြီလို့ သိရပါတယ်။
အနုပညာရှင် ကိုဇာဂနာ ဦးစီးပြီး သတင်း၊ မဂ္ဂဇင်း ဆောင်းပါးတွေပါဝင်တဲ့ ဂျာနယ်ထုတ်ဝေနိုင်ဖို့ နဲ့ မှတ်တမ်းတင် ရုပ်ရှင်သင်တန်းနဲ့ ရိုက်ကူးရေး လုပ်ငန်းတွေ စီစဉ်နိုင်ဖို့အတွက် House of Media and Entertainment ခေါ် Home မီဒီယာစင်တော်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အင်္ဂါနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။
RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနက်ဖြန်က စတင်ပြီး ဇွန်လ (၁) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့် ရရှိရေးအတွက် ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င်
မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်းခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာစစ်မှုဇုန်က တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမ ၁၀၀၀ ကျော်ဟာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လုပ်ငန်းရှင်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၃၀ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ စီးပွားရေးညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thongpakdi က မနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုနေကြတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က ရန်ကုန် Crown ( ရန်ကုန် သရဖူ ) သံမဏိစက်ရုံက အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် မနေ့က မှော်ဘီဆေးရုံကို ထပ်မံတင်ပို့လိုက်ရပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြား အတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားလိုက်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် ၂ ချက်နဲ့ နားလည်မှု စာချွန်လွှာ ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင့် ရွာပုန်း၊ ရွာရှောင် ထွက်ပြေးနေရတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က ကရင် စစ်ပြေးဒုက္ခသည်တွေကို လဝက ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် မှတ်ပုံတင် ကတ်ပြားတွေ ဒီကနေ့ ညနေပိုင်းမှာ လာရောက် ပေးအပ်သွားပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက
ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဒီနှစ်အတွက် ဆုရှင်အဖြစ် ကချင် လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူ လဖိုင်နော်မိန်းကို ရွေးချယ်လိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်မပြုသ၍ မြန်မာ့နိုင်ငံရေးမှာ
ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြည်ပအခြေစိုက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်
ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့ နယ် ရွှေနံ့ သာကျေးရွာမှာ
ကွင်းအမှတ် ၅၃၁ နဲ့  ၅၃၃ မှာရှိတဲ့ လယ်မြေ ၈၃၅ ဧက ကို သီးစားလုပ်ကိုင်ခွင့်
အတွက် ဒေသခံ လယ်သမားတွေနဲ့  ဇေကမ္ဘာကုမ္ပဏီတို့  အပြိုင်လျှောက်ထားရာမှာ
ဇေကမ္ဘာ ကုမ္ပဏီကိုသာ သီးစားလုပ်ကိုင်ခွင့် ပြုကြောင်း ကျေးရွာ
အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့  နေ့စွဲနဲ့  စာထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ်ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။