သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ငါးနိုင်ငံ ခရီးစဉ်က ပြန်လာအပြီး ခရီးပန်းတာကြောင့် လာမယ့် ရက်ပိုင်းအတွင်း ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို မတက်ရောက်နိုင်သေးကြောင်း ခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက် သောကြာနေ့ ညနေပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ လူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆဲဗင်း ဇူလိုင် အောက်မေ့ဘွယ် ဆွမ်းကျွေးပွဲ ပြုလုပ်မယ့် မုံရွာမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ဝင်တွေနဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ ကျောင်းအုပ် ဆရာတွေက တားမြစ်လိုက်ပြီး ကျောင်းတွေမှာ ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ရခိုင်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ရန်ပုံငွေပွဲတစ်ခု တောင်ကြီးမြို့မှာ ဒီနေ့မနက် ကျင်းပမယ့်ကိစ္စကို ရှမ်းပြည်နယ် အစိုးရက တားမြစ် ပိတ်ပင်လိုက်တယ်လို့ သတင်းရရှိပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ (၂) ပတ်ကျော်ကြာ ဥရောပခရီးစဉ်ကနေ ဒီကနေ့ မနက် (၁၀) နာရီကျော်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာပါတယ်။
မြောက်ကိုရီးယားက မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မနေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြောက်ဦးမြို့ဒေသခံ (၈၀၀) ကျော်က သမ္မတ ဦးသိန်းစိန်ထံ စုပေါင်းလက်မှတ်ရေးထိုး
တောင်းဆို လိုက်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမားလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင်ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောကြား လိုက်ပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှု တွေ အတွင်း သူတို့ရဲ့ဝန်ထမ်းတချို့ကို အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနဲ့ သူတို့ အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူ အညီ ပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြော လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်း ပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေမှာ သေဆုံးသူ ၈ဝ ခန့်ရှိခဲ့ တယ်လို့ အစိုးရထုတ်ပြန် တဲ့ စာရင်းကို ကိုးကားပြီး ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Martin Nesirky က ဒီကနေ့ ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ်
ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့မှာ ဒီကနေ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းရရှိပါတယ်။
သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Grand Four Wings ဟိုတယ်မှာ မနေ့မနက်ပိုင်း က တွေ့ဆုံ ဆွေးနွေးခဲ့ပါ တယ်။
မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဆိုင်ရာမူဝါဒကို လွတ်လွတ်လပ်လပ် ချမှတ်ကျင့်သုံးနိုင်ခွင့် ရရှိဖို့ အသင့်စောင့်စားနေကြောင်း ဗဟိုဘဏ် လက်ထောက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အနှစ် ၂၀ ကာလ နိုင်ငံတကာ ကူညီ ထောက်ပံမှုတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြပွဲ တစ်ရပ်ကို ဒီကနေ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ကျင်းပခဲ့ ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy နဲ့ ဇနီးဖြစ်သူ Carla Bruni တို့က ဒီကနေ့မနက်ပိုင်း တည်းခိုရာဟိုတယ်ကို လာရောက် တွေ့ဆုံခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ဆုရွေးချယ်ခံခဲ့ရသူ ၅ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားတရပ်ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အခြအနေတွေဟာ တင်းမာနေဆဲဖြစ်ပြီး ရခိုင်နဲ့ မွတ်ဆလင် နှစ်ဘက်ကြားမှာ စစ်တပ်က လုံခြုံရေး တင်းတင်းကျပ် ကျပ် ယူထားရဆဲ ဖြစ်တယ်လို့ အဲဒီကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကပြောပါတယ်။
တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား နှစ်ထောင်နီးပါးဟာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ စတင် ဆန္ဒပြနေကြပါ တယ်။
UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲဖြစ်သူ Mr. Antonio Guterres ဟာ ဇူလိုင်လဆန်းပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ ဆုံမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဆိုင်းငံ့ထားပြီ ဖြစ်တဲ့အတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အနေနဲ့ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် အမြန်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Razali Ismail က မြန်မာနိုင်ငံအနေနဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အစွန်းမရောက်ဘဲ ဖော်ဆောင်နေပုံကို သူ့အနေနဲ့ ကျေနပ်အားရကြောင်း ချီးမွမ်းပြောဆို လိုက်ပါတယ်။
ဗြိတိန်နိုင်ငံ အခြေစိုက် PEN International အဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ လူရွှင်တော် ဒါရိုက်တာ ကိုဇာဂနာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို ဒီကနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့ရှိ ကမ္ဘာကျော် သိမ်းစ်မြစ်ကမ်းက Queen Elizabeth Hall မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။
ဥရောပခရီးစဉ် နောက်ဆုံးခရီးတစ်ထောက်အဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိမိတို့ရဲ့ ယုံကြည်ချက်အတွက် လက်မလျှော့ဘဲ
တိုက်ပွဲဝင်ကြဖို့  တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် BROUK ခေါ် Burmese Rohingya Orgnization အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ မနေ့က ဗြိတိသျှ ပါလီမန် အစည်းအဝေးတစ်ရပ်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့
အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။