သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည်
ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) မှာရှိတဲ့ မလေးရှား နိုင်ငံသားပိုင် (tefel) တဖယ်လ် ပီနန်အိတ်စက်ရုံက အလုပ်သမား (၄၀၀) ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက အလုပ်မလုပ်ဘဲ စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ရန်ကုန်မြို့မှာ အပတ်စဉ် ထုတ်ဝေနေတဲ့ The Voice ဂျာနယ်နဲ့ အင်ဗွိုင်းဂျာနယ်တွေကို အစိုးရ စာပေစိစစ်ရေး ဌာနက စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့ကစလို့ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ မူဆလင်များကြား အကြမ်းဖက်မှုတွေကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင် နိုင်ငံများ
ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ထဲက ရပ်ကွက်နှစ်ခုနဲ့  အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြေ တစ်ထောင်ကျော် ရေနစ်မြုပ်နေပြီး အစားအသောက် အကူအညီတွေလည်း လိုအပ်နေတယ်လို့
သိရပါတယ်။
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ထားဝယ်ခရိုင်က စားနပ်ရိက္ခာနဲ့ ကျန်းမာရေးကိစ္စတွေ ကူညီနေတယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံ တစ်ဝှန်းမှာ ဘာသာရေးအရ ဖိနှိပ်မှုတွေ ရှိနေသေးကြောင်း မနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မနေ့ညက ရန်ကုန်မြို့ကို ရောက်လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနားဟာ ဒီကနေ့ မနက်က အင်းစိန်ထောင်ကို သွားရောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တွေ့ဆုံ
မေးမြန်းခဲ့ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို သေချာစွာ စိစစ်လေ့လာပြီး တိကျမှန်ကန်တဲ့ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ပေးဖို့
ရခိုင်အမျိုးသမီးများ အစည်းအရုံးက တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းမြို့မှာရှိတဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ခံ ဆေးဝါးနဲ့ စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျေးရွာ (၆) ရွာက တောင်သူ (၂၀၀) လောက် စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာမှာ မမျှတမှုတွေ ညီတူညီမျှ မရှိမှုတွေကြောင့် ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာက လယ်သမားကြီး ၄၄ ယောက်က သမ္မတကြီး အပါအဝင်
ဗဟိုနဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေကို ဒီကနေ့  တင်ပြ တိုင်ကြားလိုက်တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်သူက ပြောပြပါတယ်။
မန္တလေးတိုင်း သာစည်မြို့လယ်ခေါင်မှာရှိတဲ့ ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ဖယ်ရှားပေးရေးအတွက် လူအင်အား (၁၀၀) ကျော်က ဒီကနေ့ မနက်ပိုင်းက စီတန်း လှည့်လည်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့
ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကတ်တွ စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။
ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ ရောက်ရှိတဲ့ဒေသတွေမှာ သွားရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အင်အားအပြည့်နဲ့ ကြိုဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများဆုံး နေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း မြို့နယ် အနှံ့အပြားမှာ စစ်တပ်နဲ့ စီးပွားရေး ကုမ္မဏီတချို့က လယ်ယာမြေ သိမ်းယူတာခံခဲ့ရပြီး လယ်သမားတွေ အနေနဲ့
ထွန်ယက် စိုက်ပျိုးစရာ မြေမရှိ၊ အလုပ်အကိုင်မရှိနဲ့ စားဝတ်နေရေး အကျပ်တွေ့နေကြရတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
လူငယ်အဖွဲ့တွေ ဦးစီးပြီး အပတ်စဉ် ကျင်းပနေတဲ့ အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆိုတဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာ တော်ဝင်နှင်းဆီမှာ ဒီနေ့ကျင်းပခဲ့ပြီး၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဒုဥက္ကဋ္ဌ စာရေးဆရာမ သန်းမြင့်အောင် က ငြိမ်းချမ်းရေးနဲ့ပရဟိတအကြောင်း ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနား တရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ အဖွဲ့အသီးသီးက M3 စားသောက်ဆိုင်မှာ ဒီနေ့ အစည်းအဝေး တရပ် ကျင်းပကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားနိုင်ငံရေး အင်အားစုတွေ ပူးပေါင်းစီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်တွေက သဘောတူညီခဲ့ပါတယ်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်။