သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
ပြည်ပရောက်ထင်ရှားတဲ့ နိုင်ငံရေးအတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်းနဲ့ ဦးညိုအုန်းမြင့်တို့ဟာ နှစ်ပေါင်း နှစ်ဆယ့်လေးနှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို
ဒီကနေ့ ရောက်ရှိလာပါတယ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက ဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တစ်ခုမှာ လူတွေ့စစ်ဆေးမှုတွေ ဒီသီတင်းပတ်ထဲမှာ
စတင်ပြုလုပ်မှာ ဖြစ်ပြီး အဲဒီမှာ လက်ဗွေနှိပ်တာတွေကိုပါ တခါတည်း ဆောင်ရွက်မယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်း ဌာနချုပ်မှာ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး တပ်ဖွဲ့ဝင် အမြောက်အများ ရက်စက်စွာ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို
ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဦးမိုးသီးဇွန် အပါအ၀င် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်မှာ တောခိုပြီး လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း (၇) ဦးဟာ မနက်ဖြန် မနက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့
ကနေ လေယာဉ်နဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ဖြေရှင်းနည်း သင်တန်းကို တက်ရောက်ဖို့အတွက် NLD ပါတီဝင် ၂၀ ကျော် အပါအဝင် အဖွဲ့အစည်း အသီးသီးက လူပုဂ္ဂိုလ် ၅၀ ဟာ ဒီကနေ့ ညနေပိုင်းမှာ
မြန်မာနိုင်ငံကနေ ပိုလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ မစ္စတာ အာရီမူဟာဒီ ဦးဆောင်တဲ့ ၆ ဦးပါ ကူညီရေးအဖွဲ့ဟာ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီဖို့အတွက် ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ကို
ရောက်ရှိသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီဝင် ဦးမျိုးသန့်က RFA ကို အတည်ပြု ပြောပါတယ်။
အစိုးရတပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းကုမ္ပဏီတစ်ခုက ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ယမ်းဂိုဒေါင်တစ်ခု မနေ့က မီးလောင်ပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့တဲ့
အတွက် ဒေသခံ ပြည်သူတွေကြားမှာ ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလုံခွင့်တောင်းခံခဲ့သူတချို့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို နှစ်ပတ်ကြာ ခရီးစဉ်အဖြစ် မနက်ဖြန် သွားရောက်မှာ ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်းက ရေဘေး ဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေက စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့ ပစ္စည်းတွေ ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဆောက်လုပ်ရေး စီမံကိန်းတ၀ိုက်က အဓမ္မ ပြောင်းရွှေ့ခံရတဲ့ မုံရွာမြို့က အိမ်ခြေ (၇၀) ကျော်ရဲ့ နစ်နာဆုံးရှုံးမှုတွေကို အကူအညီပေးနိုင်ဖို့ ကိုထွန်းမြင့်အောင်၊ ကိုမျိုးသန့်စတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ
အဖွဲ့တွေက ဒေသခံပြည်သူတွေနဲ့ မုံရွာမြို့မှာ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ လယ်ယာမြေဧက (၂) သိန်းကျော် အဓမ္မ သိမ်းယူထားတယ်လို့ စွပ်စွဲခံနေရတဲ့ ယုဇနကုမ္ပဏီအနေနဲ့ ကုမ္ပဏီအပေါ် တရားစွဲဆိုထားတဲ့ ဒေသခံတောင်သူတွေရဲ့ လယ်ဧက (၃၀၀၀)
လောက်ကို ပြန်လည်ပေးအပ်ဖို့ ကတိပြု ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ အနုပညာ စတဲ့ နယ်ပယ်အသီးသီးမှာ အထင်ကရ ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေထဲက သောတရှင်တွေအတွက် အတုယူ အားကျစရာ၊ စိတ်ဝင်စားစရာ အချက်တွေကို ကောက်နုတ်ပြီး ကိုကျော်ကျော်အောင်က တင်ဆက်နေပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး အမေရိကန် အစိုးရက မြန်မာစစ် အစိုးရအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ရာမှာ ဗုဒ္ဓဟူးနေ့ကတော့ သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်အပေါ် ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှု ကင်းလွတ်ခွင့် ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား အစိုးရရဲ့ အထူးသံတမန် Dr.Hssaan Wirajuda ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ဝင် (၁၀) ပါတီက ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှာ
မနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ
ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေး ကြားနာဖို့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေအပေါ် စာနယ်ဇင်းသမားတွေ စုပေါင်းလက်မှတ်ထိုး တိုင်ကြားထားတာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေက စာနယ်ဇင်းသမားတွေကို ဒီကနေ့ ခေါ်ယူပြီး ပထမဆုံး ကြားနာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ရာမှာ အနုပညာ အရည်အချင်း အပေါ် အခြေခံပြီး စတင် ဆုံးဖြတ်ရွေးချယ် သွားတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဟာသ သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့အဖွဲ့က ပုသိမ်မြို့ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်နဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံးဗလာစာအုပ်တွေ ဒီကနေ့ သွားရောက် လှူဒါန်းကြောင်း သိရပါတယ်။
ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း
မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ "ပြောချင်လို့ ပြောခဲ့တာတွေ" လို့ အမည်ပေးထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Home (House of Media & Entertainment) မှာ အခုလ ၂၈ ရက်နေ့က
ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲတည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။
ရခိုင်ပြည်နယ် မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ ဒေသခံ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ၀န်ထမ်း သုံးဦးကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အစိုးရက မနေ့က
ကြေညာပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့
အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။
အရင်စစ်အစိုးရလက်ထက် ကတည်းက နံမည်ပျက်စာရင်း black list ထည့်သွင်းခံထားရသူ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၆၁၆၅ ထဲက ၂၀၈၂ ဦးကို စာရင်းထဲကနေ ပယ်ဖျက် ပေးလိုက်ကြောင်း အစိုးရ သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။