သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-31
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းဖို့ ရေးဆွဲနေတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဥပဒေတွေကို အထူး ကိုးကားထားတယ်လို့ စာပေ စိစစ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် မီဒီယာဂရုပ် ဥက္ကဋ္ဌ ကိုကို (စက်မှုတက္ကသိုလ်)က ပြောဆိုလိုက်ပါတယ်။
2012-01-31
ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။
2012-01-31
အစိုးရနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ ရာသီဥတု ဆိုးရွားတာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
2012-01-31
မြန်မာအစိုးရနဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် မျှော်လင့်ချက် ထားဖို့လိုအပ်သလို အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်ထားကြဖို့ လိုအပ်တယ်လို့ ကေအန်ယူ အကြီးအကဲက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2012-01-31
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
2012-01-31
မြန်မာနိုင်ငံမှာ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာတဲ့အပေါ် EU ခေါ် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2012-01-31
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာမှာ ဗြိတိန်နိုင်ငံ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးဌာန အထောက်အပံ့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သွားရောက် လေ့လာခဲ့ပါတယ်။
2012-01-31
နိူင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပြီး စီးပွားရေး ဖွံ့ဖြိုးမှုမရှိခင်မှာ တိုင်းပြည် တည်ငြိမ်မှုရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-01-30
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အကောက်အခွန်ဆိုင်ရာ ဥပဒေ အသစ်တွေကို ဖေဖော်ဝါရီလကုန်ပိုင်း လောက်မှာ လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဘို့စ်မြို့မှာ နိုင်ငံတကာ စီးပွားရေး ညီလာခံ တက်ရောက်နေတဲ့ မြန်မာ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
2012-01-30
နာမည်ကျော် အိန္ဒိယ တက္ကသိုလ်ကြီး တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင ်ဒေါက်တာဘွဲ့ မကြာခင် ပေးအပ် တော့မယ်လို့ ပြောလိုက်ပါတယ်။
2012-01-30
တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက မိမိပြုစုတဲ့ “လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးကြမလဲ” အမည်ရှိ စာအုပ် နှစ်ထောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဒီကနေ့ လှူဒါန်းကြောင်း သိရပါတယ်။
2012-01-30
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ ဖွံဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ စတင်ကျင်းပခဲ့ပါတယ်။
2012-01-30
မြန်မာနိူင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Quintana ရဲ့ ၆ ရက်ကြာ မြန်မာနိူင်ငံ ခရီးစဉ်ကို မနက်ဖြန် စတင်ပါမယ်။
2012-01-30
ကုန်သွယ်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ မြို့ပြစီမံခန့်ခွဲမှု ကဏ္ဍတွေမှာ မြန်မာနိုင်ငံကို နည်းပညာ အကူအညီပေးဖို့ မြန်မာနဲ့ စင်္ကာပူ နှစ်နိုင်ငံခေါင်းဆောင်တွေ ဒီကနေ့ သဘောတူခဲ့ကြပါတယ်။
2012-01-29
၁၉၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား တယောက်အကြောင်းကို နောက်ခံပြု ရေးသားထားတဲ့ စာရေးဆရာ မျိုးကိုမျိုး ရဲ့ လမင်းဖြူရဲ့ကောင်းကင်ဆိုတဲ့ လုံးချင်းဝတ္ထုသစ်ကို မကြာခင်ရက်ပိုင်းက ထုတ်ဝေ ဖြန်ချိခဲ့ပါတယ်။