သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-02-29
မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အကဲဖြတ်နိုင်ဖို့ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေတယ်လို့ မြန်မာ့အရေး လေ့လာနေသူတွေက ပြောဆိုလိုက်ပါတယ်။
2012-02-29
ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။
2012-02-29
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တစ်သန်းနီးပါးဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ "နိုင်ငံသားစိစစ်ရေး" ကိစ္စ ဆောင်ရွက်ဖို့ ပျက်ကွက်ရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရဖွယ် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီကနေ့ သတိပေး လိုက်ပါတယ်။
2012-02-29
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
2012-02-29
မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခု အမြန်ဆုံး လိုအပ်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအဖွဲ့က ပြောလိုက်ပါတယ်။
2012-02-29
အာဆီယံ နိုင်ငံများနဲ့ ဆက်ဆံရေးဆိုင်ရာ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့က လာမယ့်ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုပါတယ်။
2012-02-28
လှိုင်သာယာ စက်မှှုဇုန် (၃) တိုင်ရီဖိနပ်စက်ရုံမှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြတဲ့ အလုပ်သမား အတော်များများက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလိုက်ကြပြီး ယာယီဦးဆောင် ကော်မီတီတစ်ရပ် ဒီကနေ့ ဖွဲ့စည်းလိုက်ကြပါတယ်။
2012-02-28
ရန်ကုန်တိုင်း တောင်ဒဂုံမြို့သစ်မြို့နယ်အတွင်းမှာ ဒီကနေ့ မနက် ၈ နာရီလောက်က တန်ဖိုးနည်း ကျပ် ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားသူ ၁၁ ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးဟန့်တားခဲ့တယ်လို့ သိရပါတယ်။
2012-02-28
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ နိုင်ငံရေး ညှှိနှိုင်းဆွေးနွေးမှုတွေ အမြန်ဆုံးဖော်ဆောင်သွားဖို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က အချက်လေးချက်ပါတဲ့ “မြစ်ကြီးနား ပဲ့တင်သံ” ကြေညာချက် ဒီကနေ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2012-02-28
မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးအဆင့်မှာ ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် အကူအညီတွေ ပိုမိုပေးဖို့ လိုအပ်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (INCB)ရဲ့ ၂၀၁၁ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2012-02-28
ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ရွှေတိဂုံဘုရား တပေါင်းပွဲတော်မှာ ကျောင်းသားနဲ့ လူငယ်အဖွဲ့ ဆယ်ဖွဲ့လောက်ပေါင်းပြီး “အဖြူရောင်တွဲလက်များ”ဆိုတဲ့အမည်နဲ့ ကချင်ပြည်နယ်က စစ်ဘေးသင့် ပြည်သူတွေအတွက် ဈေးရောင်းပွဲ ကျင်းပနေတယ်လို့ သတင်းရပါတယ်။
2012-02-28
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီကြောင်း တင်ပြ ကန့်ကွက်ချက်ကို ရန်ကုန်တိုင်းဒေသကြီး တိုင်းရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2012-02-28
ရွှေပါရမီတောရ ဆရာတော်လို့ လူသိများတဲ့ အရှင်ဆန္ဒာဓိကဟာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျပ်ငွေ ၁၂၈ သိန်း လှူဒါန်းကြောင်း သိရပါတယ်။
2012-02-28
သမ္မတ ဦးသိန်းစိန်ရဲ့နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်အရ မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်တပါးဖြစ်သူ အရှင်ဝီရသူက အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးအတွက် အာဏာပိုင်တွေထံ စာရေးသား တောင်းဆိုထားပါတယ် ။
2012-02-27
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကို လာမယ့် မတ်လ ပထမပတ်ထဲမှာ ပြန်လည် မှတ်ပုံတင်ဖို့ ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ် ၁၅ ဦးကို ရွေးချယ်ထားပြီး လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။