သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-03-31
မနေ့က ရန်ကုန်မြို့မှာရှိတဲ့ Community Response Group အဖွဲ့ရဲ့ စာရင်းကောက်ခံချက် တစ်ရပ်မှာ မဲပေးခွင့်ရှိသူ ၆၀ ရာခိုင်နှုန်းလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ကို ကြိုက်နှစ်သက်တယ်လို့ သဘောထား ပေးခဲ့ကြကြောင်း ဖော်ပြပါတယ်။
2012-03-31
ဒီကနေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံအသီးသီးမှာ မဲပေးနိုင်ဖို့ မန္တလေး မဟာအောင်မြေ မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ မနက် ၅ နာရီကတည်းက မဲရုံအသီးသီးကို ရောက်ရှိနေကြပြီလို့ စုံစမ်းသိရှိရပါတယ်။
2012-03-31
ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်အထိ မဲစာရင်းအရေအတွက် မှန်မှန်ကန်ကန် မရှိတာကြောင့် မဲအရေအတွက် ရလဒ်မှားယွင်း ချွတ်ချော်မှုတွေ ရှိမှာကို မဲဆန္ဒရှင်အများစုက စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-03-31
မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေလျ၊ အိန္ဒိိယနဲ့ အာဆီယံက ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံတကာက လေ့လာသူ ၁၅၀ လောက် လာရောက်လေ့လာမှာ ဖြစ်ပါတယ်။
2012-03-31
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲကောက်ယူနေတဲ့ အခု ၂ ရက်မှာ ထင်ရှားတဲ့နေရာ တချို့မှာ နည်းလမ်းအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်တာတွေ ရှိပေမယ့်၊ နေရာ အတော်များများမှာ နည်းလမ်းတကျ စည်းစံနစ်အတိုင်း မဆောင်ရွက် ဘူးလို့ သိရပါတယ်။
2012-03-31
ALP အခြေစိုက်ရာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ နယ်စပ်က ခေါင်းဆောင်တွေဟာ လက်ရှိအစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ လာမယ့် ဧပြီလ ၂ ရက်နေ့က စတင်ပြီး စစ်တွေမြို့ကို လာရောက်မှာ ဖြစ်ပါတယ်။
2012-03-31
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။
2012-03-31
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်က ကျေးရွာမဲဆန္ဒနယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးတွေက မနေ့က တအိမ်တက်ဆင်း ကြိုတင်မဲလိုက်ကောက်နေတယ်လို့ NLD ပါတီ မြောင်းမြမြို့နယ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောပါတယ်။
2012-03-31
တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံပိုင်ရှင်က ဒီကနေ့သဘောတူ လိုက်ပြီလို့သိရပါတယ်။
2012-03-31
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် သူယှဉ်ပြိုင်မယ့် ကော့မှုးမြို့နယ်ကို အခုညနေ ၇ နာရီကျော်ကျော်မှာ ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ မြို့ခံလူထုကို နှုတ်ဆက်မိန့်ခွန်း ပြောကြားခဲ့ရာ ပြည်သူ တစ်ထောင့်ငါးရာခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
2012-03-30
မြန်မာနိင်ငံရဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက မနေ့က ထပ်မံပန်ကြားလိုက်ပါတယ်။
2012-03-30
ရွေးကောက်ပွဲ နည်းဥပဒေမှာ မဲဆန္ဒနယ်တစ်ခုက ရွေးကောက် တင်မြောက်ခံရတဲ့ ကိုယ်စားလှယ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ကော်မရှင်က အတည်ပြု ကြေညာပြီးတဲ့ နေ့ကစလို့ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားပါတယ်။
2012-03-30
မနက်ဖြန် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် ပြည်သူအများ မဲပေးနိုင်ရေး အောက်ခြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဆောင်ရွက်ချက်တွေမှာ အားနည်းချွတ်ယွင်းချက်တွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က မနေ့က ပြောဆိုပါတယ်။
2012-03-30
လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2012-03-30
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်က တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့တွေနဲ့ အပြန်အလှန် အဓိကရုဏ်းဖြစ်လို့ အလုပ်သမား အနည်းဆုံး ၃ ဦးလောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။